ရေထွက်ကုန်ပစ္စည်းတင်ပို့မှု ၅၆ ရာခိုင်နှုန်း အကောင်အထည်ဖော်ပြီး ၂ဝ၁ဝ-၂ဝ၁၁ခုနှစ် ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံကရေထွက်ကုန်ပစ္စည်းများကိုပြည်ပသို့တင်ပို့ရာတွင် ၅၆ ရာခိုင်နှုန်း အကောင်အထည်ဖော်ပြီး ဖြစ်ကြောင်း မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနကထုတ်ပြန်ချက်အရသိရ သည်။ '' ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ်မှာ ပြည်ပကို ရေထွက်ကုန်ပစ္စည်းတွေ တင်ပို့မှုကနေ ဒေါ်လာ သန်း ၇ဝဝ ရရှိအောင် ရည်မှန်းဆောင်ရွက်လျက်ရှိရာမှာ ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ ဒေါ်လာသန်း ၃၉ဝ ကျော်ရရှိထား ပြီး ဖြစ်တာကြောင့် ၅၆ ရာခိုင်နှုန်းအကောင်အထည်ဖော်ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ အဲဒီရရှိငွေတွေထဲက ကဏန်းတင်ပို့မှုက ဒေါ်လာ ၃၅ သန်း၊ လျာထားချက်အနက် ဒေါ်လာ ၂၃ သန်းကျော်ရရှိထားပြီး ၆၈ ရာခိုင်နှုန်း ကျော် တင်ပို့ပြီးဖြစ်ပါတယ်။ ငါးရှဉ့်လုပ်ငန်း တင်ပို့မှုက ဒေါ်လာ ၂၅ သန်း လျာထားပြီး ဒေါ်လာ ၁၆ သန်းကျော်ရရှိ ထားပြီး ၆၇ ရာခိုင်နှုန်းကျော် တင်ပို့ထားပြီးဖြစ်ကာ ရေခိုျငါး တင်ပို့မှုအတွက် ဒေါ်လာ ၁၂၅ သန်းလျာထားပြီး အခုဒေါ်လာ ၈၄ သန်းကျော်ရရှိထားကာ အကောင်အထည်ဖော် တင်ပို့ပြီး ရာနှုန်းက ၆၇ ရာခိုင်နှုန်းကျော်ဖြစ်ပါတယ် '' ဟု အဆိုပါပုဂ္ဂိုလ်ကပြောကြားခဲ့သည်။ ရေထွက်ပို့ကုန်များကို ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်အတွင်း ဝင်ငွေဒေါ်လာသန်း ၇ဝဝ ရရှိရန်လျာထား ဆောင်ရွက်ခဲ့ရာ ဒေါ်လာ ၄၉၆ ဒသမ ၅၉ သန်း ရရှိခဲ့သည်ဟု ဆိုသည်။ ခင်မျိုးသွယ်
Background