Main menu

Background

အင်းအိုင်များနှင့်သဘာဝရေပြင်က ထုတ်လုပ်မှုနှစ်ဆတိုးတက်လာ

Tue, 12/28/2010 - 09:17 -- Anonymous (not verified)

အင်းအိုင်များနှင့်သဘာဝရေပြင်က ထုတ်လုပ်မှုနှစ်ဆတိုးတက်လာ               အင်းအိုင်များနှင့် သဘာဝရေပြင်က ထုတ်လုပ်မှုမှာ ၅ နှစ်အတွင်းနှစ်ဆ တိုးတက်လာကြောင်းမွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနက သိရသည်။ '' အင်းအိုင်များနဲ့ သဘာဝရေပြင်ကနေ ၂ဝဝ၉-၂ဝ၁ဝ အတွင်း သဘာဝငါးထုတ်လုပ်မှု မက်ထရစ်တန် ၁ဝ သိန်းရှိပြီး ငါးနှစ်အတွင်း ထုတ်လုပ်မှုနှစ်ဆတိုးတက်လာကြောင်းကို ကိန်းဂဏန်းများအရသိရပါတယ်။ အင်းအိုင် လုပ်ငန်းမှာ အမြတ်အစွန်းရရှိရေး တစ်ခုတည်းကိုသာ အဓိကမထားဘဲ အင်းများရေရှည်တည်တန့်ပြီး ရေချိုငါး လုပ်ငန်းစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေဖို့ အတွက် ဆောင်ရွက်ကြဖို့လိုပါတယ်။ ငါးလုပ်ငန်းဦးစီးဌာနက အင်းများရေရှည် တည်တန့်ဖို့ အတွက် ကြေးတိုင်အင်းများလုပ်ကိုင်ရန် ကြေးတိုင်ချပေးခြင်း၊ အင်း နယ်နမိတ်ကျောက် တိုင်များစိုက်ထူခြင်း၊ အင်းများရေစီးရေလာ ကောင်းစေရန် အတွက်ပြင်ဆင်ခြင်း၊ အင်းရေပြင်များအတွင်း Hatchery  မှ ငါးသားပေါက်များစိုက်ထည့်ခြင်းနဲ့ သဘာဝမှ ငါးမိုျးများ အင်းရေပြင် အတွင်း ချန်လှပ်မွေးမြူစေခြင်းတို့ကို တွန်းအားပေး ဆောင်ရွက်လျက်ရှိပါတယ်'' ဟု ယင်းဌာနက အကြီးအကဲ တစ်ဦးက ပြောကြားသည်။                       မြန်မာနိုင်ငံတွင် ငါးဖမ်းဆီးထုတ်လုပ်ရေးအတွက် သဘာဝ ရေပြင်များ အပြင် အင်းလုံးရေ ၃၇၂၄ ရှိနေသည်ဟုဆိုသည်။                                                                                                      ခင်မျိုးသွယ်