မန္တလေးက မူဆယ်ကို တစ်ရက် ကားအစီး ၁၀၀ ဝန်းကျင် ကုန်တင်ပို့နေ ယခုအချိန်ဟာ ကုန်ပေါတဲ့ရာသီဖြစ်လို့ မန္တလေး-မူဆယ် ၁ဝ၅ မိုင်သို့ တစ်ရက်လျှင် ကားအစီးရေ ၁ဝဝ ဝန်းကျင်ခန့် ကုန်တင်ပို့လျက် ရှိကြောင်း သိရပါတယ်။ ပြည့်အားမာန် ကုန်စည်ပို့ဆောင်ရေးမှ ကိုစန်းနိုင်ဦးက ''ကုန်ပါ တဲ့ အနေအထားက အသီးနဲ့ယှဉ်နေတယ်။ ဒီရက်ပိုင်းမှာ ဖရဲသီးနဲ့ ပြောင်းလှိုင်လှိုင်ထွက်လို့ ပို့ရတာများတယ်။ အခုချိန်မှာ ကားရှိ သလောက်ကို ပို့နေရတာ။ ကားမလောက်လို့ အဆင်းကားမလာခင် စောင့်ခိုင်းရတာတွေလည်း ရှိတယ်။ ကုန်တန်ချိန် လျှော့လိုက်တဲ့ အတွက် အခါတိုင်း ၁ စီးထွက်ခဲ့ရာကနေ ၂ စီး၊ ၂ စီးခွဲထွက်ရလို့ ကားအစီးရေ များလာတယ်။ ကုန်တင်ခနှုန်းထား တက်ယူတဲ့အတွက် မျှောကုန် (ဝဥခြောက်၊ ဆီးသီးခြောက်၊ ကြက်ဆူစေ့၊ ပရဆေး) တော့ပို့ရတာနဲသွားတယ်။ ဟိုဘက်မှာ အရောင်းဈေးကွက်လိုက်တဲ့ကုန်တွေကတော့ ပို့နေရတယ်'' ဟုပြောပါတယ်။ အတက်ကုန်မှာ ဖရဲ၊ ပြောင်း၊ ပဲတီစိမ်းအများဆုံးတင်ပို့ပြီး၊ ရော်ဘာ၊ ဝဥခြောက်၊ နေလဲစေ့၊ ကွမ်းသီးခြောက်နဲ့ ဆန်များကို အသင့်အတင့်တင်ပို့မှုရှိပါတယ်။ အဆင်းကုန်များမှာ စက်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်း (ေြွကပြားများ)နဲ့ မြေဆီအများဆုံးဆင်းပြီး၊ လူသုံးကုန်၊ စတီးကုန်နဲ့ အလှကုန်များ အသင့်အတင့်ဝင်ရောက် လျက်ရှိကြောင်း သိရပါတယ်။ ကုန်တင်ခနှုန်းထားများမှာ အတက်ကုန်(ကုန်ကျစ်) တစ် ပိဿာလျှင် ၈၃ ကျပ်၊ ၈၄ ကျပ်၊ ၈၅ ကျပ်ရှိ၍ (ကုန်ပွ) ၈၆ကျပ်၊ ၈၇ကျပ်ဈေးရှိပါတယ်။ အဆင်းကုန်တစ်ပိဿာလျှင် (ကုန်ကျစ်) ၉ဝ ကျပ်၊ (ကုန်ပွ) ၅ဝ ကျပ်၊ ၆ဝ ကျပ်နဲ့အထက်ရှိကြောင်းသိရပါတယ်။ ဇူူးဇူူး
Background
