Main menu

Background

ရန်ကုန်အိမ်ခြံမြေ မြို့လယ်မြေညီတိုက်ခန်းများကို ပိုငှားလာရ

Tue, 12/28/2010 - 09:44 -- Anonymous (not verified)

 ရန်ကုန်အိမ်ခြံမြေ မြို့လယ်မြေညီတိုက်ခန်းများကို ပိုငှားလာရ                  ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း အငှားဈေးကွက်တွင် မြို့လယ်ခေါင် (၆) မြို့နယ်၏ မြေညီတိုက်ခန်းများ အငှားပိုလိုက်လာကြောင်း အိမ်ခြံမြေ အကိုျးဆောင်ကုမ္ပဏီများထဲက ကြား သိရသည်။                            ''အခုတလော အငှားဈေးကွက်မှာ မြို့လယ်ခေါင်ရဲ့ မြေညီထပ်တိုက်ခန်း တွေ အငှားပိုလိုက်လာတာ ဟုတ်ပါတယ်။ ငှားတဲ့လူတွေက စီးပွားရေးလုပ်ဖို့ အဓိက ငှားကြတာပါ။ သူတို့လုပ်မဲ့ စီးပွားရေးလုပ်ငန်းနဲ့ အပ်စပ်မဲ့နေရာ ဖြစ်အောင် ရွေးကြတာလည်းပါတယ်။ ဒီရက်ထဲမှာ ကျွန်တော်တို့ကုမ္ပဏီအနေ နဲ့ လသာမြို့နယ်ရဲ့ လမ်းမကြီးပေါ်မှာ Fashion Shop  ဖွင့်ဖို့ 20' x 50' ကို တစ်လကျပ် ၁၅ သိန်းနဲ့ ငှားခဲ့သလို၊ စမ်းချောင်းမြို့နယ်ထဲက တိုက်ခန်းတစ် ခန်းကို ကျပ် ၁ သိန်းနဲ့၊ရန်ကုန်-အင်းစိန် လမ်းမကြီးပေါ်က တိုက်ခန်းတွေကို ကျပ် တစ်သိန်းနှစ်သောင်းနဲ့ရယ် ကျပ် တစ်သိန်းလေးသောင်းနဲ့ရယ် အငှား တည့်ခဲ့ပါတယ်။မရမ်းကုန်းမြို့နယ်ထဲက မြိုင်ဟေဝန်တိုက်ခန်းကို ကျပ် တစ်သိန်း နှစ်သောင်းနဲ့ အငှားတည့်အောင် ကျွန်တော်တို့ကုမ္ပဏီက ဝန်ဆောင်မှုပေးခဲ့ ပါတယ်''ဟု ယူနီတီကုမ္ပဏီမှ ဦးဇော်ဇော်က ပြောကြားသည်။                                          ခင်မျိုးသွယ်