Main menu

Background

မန္တလေးကားဈေးကွက်တွင် ကားအမျိုးအစားမျိုးစုံဝင်

Tue, 12/28/2010 - 09:57 -- Anonymous (not verified)

မန္တလေးကားဈေးကွက်တွင် ကားအမျိုးအစားမျိုးစုံဝင်               မန္တလေးကားဈေးကွက်တွင် ကားအမျိုးအစားမျိုးစုံဝင်ပြီး လေလံကားဈေး ကျဆင်းခြင်းကြောင့် ကားဈေးနှုန်းကျဆင်း၍ အောက်ကားများ အသင့်အတင့် အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။ ''အရင်တစ်ခေါက်က လေလံဈေးကျတော့ ကားဈေးကွက်က ပြန်လှုပ်လာတယ်။ ကားအမျိုးအစားကလည်း မျိုးစုံဝင်နေတာ။ ပြီးခဲ့တဲ့ ၅ လ၊ ၆ လက ဘောက်စ်ဝယ်ဂွန်ကားလေးတွေ ဆင်ခွာ၊ မြင်းခွာ၊ မျက်ပြူးဆိုပြီး ဝင်တာ။ ကား ပုံစံကြည့်ပြီး ခေါ်လိုက်တာပဲ။ လေလံကားနဲ့ ကားအသစ်နဲ့ချိန်းပြီး ဝယ်ရောင်းလုပ် ကြတယ်။ ဒါကြောင့် အောက်ကားအရောင်းအဝယ်ဖြစ်တယ်။ အရင်က အက်စ်အီး ကားလို အိမ်စီးကားသန့်ဆိုပြီး နာမည်ရှိခဲ့တာ ခုခေတ်က ကားမျိုးစုံဝင်နေတဲ့အတွက် အိမ်စီးကားအမျိုးစုံစီးလာကြတယ်။ မတ်တူး (ရွှေငါး)ဗင်၊ ပါဂဲျရိုး၊ စူပါဆလွန်းကား တွေ အစီးများလာတယ်''လို့ မန္တလေးကား ဈေးကွက်မှ ဦးဌေးဝင်းက ပြောပါတယ်။               မန္တလေးကားဈေးကွက်ရှိ ကားဈေးနှုန်းများမှာ စူပါဆလွန်းကားသန့် ၈၆၊ ၈၇ မော်ဒယ်၊ လ/သ/အ ကျပ်သိန်း ၁၅ဝ ဝန်းကျင်၊ လီမိတက် ၈၈၊ ၈၉ မော်ဒယ် ဘ/လ/သ/အ သိန်း ၂၁ဝ ဝန်းကျင် နောက်ဆဲွဲဗင် ၈၆-၈၇ မော်ဒယ် လ/သ/အ (၁.၃)အင်ဂျင်သန့် ကျပ်သိန်း ၁၇ဝ၊ ၁၈ဝ ဝန်းကျင်၊(၁.၅)အင်ဂျင် ကျပ်သိန်း ၂ဝဝ၊ ၂၁ဝ ဝန်းကျင်၊ ရှေ့ဆွဲဗင် ၁က၊ ၂က (၈၈၊ ၈၉ မော်ဒယ်) ကားသန့် ကျပ်သိန်း ၂၁ဝ၊ ၂၂ဝ ဝန်းကျင်၊ မှန်ခုံးဗင် (ဖင်ကောက်) ၄ဂ-၅ဂ (ဝ၁-ဝ၂ မော်ဒယ်) ကားသန့် ကျပ်သိန်း ၄၈ဝ၊ ၅ဝဝ ဝန်းကျင်၊ မတ်တူး (ရွှေငါး) ဝ၂-ဝ၃ မော်ဒယ် ၄ဂ-၅ဂ ကျပ်သိန်း ၈၅ဝ၊ ၉ဝဝ ဝန်းကျင်ရှိကြောင်း သိရပါတယ်။                                                                   ဇူူးးဇူူးး