Main menu

Background

အဆင့်မြင့်စက်ပစ္စည်းများ ထုတ်လုပ်မည့် စက်မှုဇုန်တစ်ခု ထူထောင်ရန်စီစဉ်

Tue, 12/28/2010 - 10:08 -- Anonymous (not verified)

 အဆင့်မြင့်စက်ပစ္စည်းများ ထုတ်လုပ်မည့် စက်မှုဇုန်တစ်ခု ထူထောင်ရန်စီစဉ်              မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်တွင် အဆင့်မြင့်စက် ပစ္စည်းများ ထုတ်လုပ်မည့် စက်မှုဇုန် တစ်ခု ထူထောင်လုပ်ကိုင်ရန် စီစဉ်နေ ပြီဖြစ်သည်။               ''အဆင့်မြင့် စက်ပစ္စည်းတွေနဲ့ အကြီးစား ကုန်ထုတ်လုပ်ငန်းတွေ လုပ်ကိုင်မဲ့ နွားထိုးကြီး စက်မှုဇုန်ဟာ မြင်းခြံ-နဘူးအိုင်လမ်း၊ မိုင်တိုင် ၄၇၂/၂ ပေါ်မှာ တည်ရှိပါတယ်။ စက်မှုဇုန် အကျယ်အဝန်းက ဧက ၆ဝဝဝ ကျော် ပါ။ အခုတောင်ကတုံးတွေ ရှင်းလင်းပြီး တိုင်းတာနေတဲ့အဆင့်ထိရောက်နေပါတယ်။ ဧက ၁ဝဝဝ ကျော်ပြီးစီးပြီးဖြစ် ပါတယ်။ ဒီစက်မှုဇုန်မှာ အမှတ်(၂)စက် မှု ဝန်ကြီးဌာနကနေ ကားအိပ်ဇော ပစ္စည်းတွေ၊ မြင်းခြံ-ဆားခါးကျေးရွာမှာ ရှိတဲ့သံမဏိစက်ရုံကထွက်တဲ့ ကုန်ကြမ်း တွေကို အသုံးပြုပြီး စက်ရုံအဆောက် အအုံတွေရဲ့ ှStructure  ထုပ်၊ ယောက်၊ ဒိုင်းမြှားတွေကို သံမဏိနဲ့ ကုန်ချောတွေ ထုတ်လုပ်ကြတယ်။ ဒါ့အပြင် စက်မှု လက်မှုသိပ္ပံအထက်တန်း ကျောင်းကို လည်း ဖွင့်လှစ်မယ်လို့သိရပါတယ်'' ဟု ယင်းစီမံကိန်းတွင် ပါဝင်စီစဉ်သူတစ်ဦး က ပြောကြားသည်။အဆိုပါစီမံကိန်းကို ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပြီး ဖြစ်ပြီး ယင်းစီမံကိန်းမှာ နွားထိုးကြီးမြို့ နယ် ချဉ်ပျစ်ကျင်းကျေးရွာနှင့် ကုတ် ကဲကျေးရွာကြားတွင် တည်ရှိကြောင်းသိရှိသည။် ခင်မျိုးသွယ်