Main menu

Background

ဘုရင့်နောင်မှာ မတ်ပဲ(RC)နဲ့ ပဲစင်းငုံနီ အရောင်းအဝယ်ဖြစ်

Thu, 12/30/2010 - 08:22 -- Anonymous (not verified)

ဘုရင့်နောင်ကုန်စည်ဒိုင်စဉ် အမျိုးအမည်             ရေတွက်ပုံ     (ပြည်ပရောင်း)         (ပြည်တွင်းရောင်း)     ပြောင်းလဲမှု၁ မတ်ပဲ(RC)                  ၁ တန်         ၆၇၁ဝဝဝ-၆၁၈ဝဝဝ `         -၂ မတ်ပဲ(SQRC)              ၁ တန်         ၈၃ဝဝဝဝ-၇၇ဝဝဝဝ            -၃ မတ်ပဲ(ကုန်ကြမ်း)          ၁ ပိဿာ                 -                   ၁၁၄၅-၁ဝ၆ဝ၄ ကုလားပဲဖြူလုံးကြီး        ၁ပိဿာ                   -                   ၁၂၇၄-၁၁၅ဝ၅ ပဲစင်းငုံနီ(သစ်)(RC)       ၁တန်                     -                   - ၄၇ဝဝဝဝ                      -ဆက်သွယ်ရန် ဖုန်း-၀၁-၆၈၀၉၁၀ဘုရင့်နောင်မှာ မတ်ပဲ(RC)နဲ့ ပဲစင်းငုံနီ အရောင်းအဝယ်ဖြစ်             ဒီတစ်ပတ်ဘုရင့်နောင်ဈေးကွက်တွင် မတ်ပဲ(RC) ၊ မတ်ပဲ(SQRC) နဲ့ ပဲစင်းငုံနီ(ွRC) (အသစ်)တို့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ မတ်ပ်ပဲ(RC) ကို ပြည်ပတင်ပို့ရန် ဝယ်ယူနေတဲ့ကုန်သည်များ ကရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေ ဒေါ်လာတစ်ယူနစ်တန်ဖိုးဈေး ပြန်မြင့်လာပေမယ့် အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာ့မတ်ပဲဈေး ကျဆင်းနေတာကို အကြောင်းပြပြီး ဈေးနှိမ်ဝယ်ယူမှုတွေရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် မတ်ပဲ (RC) ဈေးကျဆင်းလာပြီး တစ်တန်ကိုအနိမ့်ဆုံး ၆၁၈ဝဝဝ ကျပ်မှအမြင့်ဆုံး ၆၅၃ဝဝဝ ကျပ် အတွင်း တန် ၂၈၇၅ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အလားတူ မတ်ပဲ (SQRC) ကိုလည်း ပြည်ပတင်ပို့ရန် ဝယ်ယူနေတဲ့ ကုန်သည်များက ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို အနိမ့်ဆုံး ၇၆၆ဝဝဝ ကျပ်မှ အမြင့်ဆုံး ၈၁၂ဝဝဝ ကျပ်အတွင်း တန် ၁၄၄ဝ ခန့် အဝယ်ရှိခဲ့တယ်လို့ သိရပါ တယ်။ မတ်ပဲ(SQဲRC)က ဈေးကျပေမယ့် အရောင်းအဝယ်ဖြစ်မှုပမာဏက ယခင်အပတ်ထက်စာရင် တန် ၁ဝ၉၅ ခန့် ပိုများလာတယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီ (RC)(အသစ်)ကို ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်များက တစ်တန်ကို ၄၇ဝဝဝဝ ကျပ်နဲ့ တန် ၁၁၅ ခန့် အဝယ်ရှိခဲ့ကြောင်း သိရပါတယ်။