Main menu

Background

တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၅ဝ ကျော်ဖြင့် ဘာစမာတီ အမျိုးအစားမဝင်သည့်ဆန်ကို ပြည်ပတင်ပို့ခွင့်ပြုရေး အိန္ဒိယအလေးအနက်စဉ်းစားနေ

Sun, 01/02/2011 - 04:02 -- Anonymous (not verified)

 တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၅ဝ ကျော်ဖြင့် ဘာစမာတီ အမျိုးအစားမဝင်သည့်ဆန်ကို ပြည်ပတင်ပို့ခွင့်ပြုရေး အိန္ဒိယအလေးအနက်စဉ်းစားနေ                    ဆန်ပြည်ပ တင်ပို့ခွင့် ပိတ်ပင်တားမြစ်ဆဲဖြစ်တဲ့ အိန္ဒိယ နိုင်ငံမှာ ဘာစမာ တီအမျိုးအစားမဝင်သည့်ဆန်ကို တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၅ဝ ကျော်ဖြင့် တင်ပို့ ရောင်းချ ခွင့်ပြုရန် တင်ပြလာချက်ကို ရေရှည်အတွက် အိန္ဒိယ အစိုးရက စဉ်းစားနေပါကြောင်း ဒီဇင်ဘာ ၂၈ ရက် နေ့က တာဝန်ရှိသူ အစိုးရအဆင့်မြင့်အရာရှိတစ်ဦးက ပြော ကြားလိုက်ပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းဆန်ထုတ်လုပ်မှုအခြေ အနေ ကောင်းမွန်နေသဖြင့် ဆန်ပြည်ပ တင်ပို့ခွင့်ပြုရေးကို အထူး တိုက်တွန်း ဆွေးနွေးသွားကြောင်း ၎င်းက ဆက်လက် ဖော်ပြခဲ့ပါတယ်။ အဲဒီလို တင်ပို့ခွင့်ပြုရာမှာ အစိုးရက ဝယ်တာ မဟုတ်တဲ့ဆန်များကို ပြည်ပတင်ပို့ရာ မှာ တစ်တန် ကို အခြေခံဈေးနှုန်း အမေရိကန်ဒေါ်လာ ၈၅ဝ အထက်ဖြင့် ခွင့်ပြုသင့်ကြောင်း ပြောကြားခဲ့ပါတယ်။                     ပြည်နယ်အစိုးရများကလည်း ဘာစမာတီ အမျိုးအစား ဝင်မဟုတ်တဲ့ Ponni, Sona masuri  နဲ့ red matta ဆန်တို့ကို ပြည်ပတင်ပို့ရောင်းချရန် ခွင့်ပြုချက်ရရှိရေး မေးခွန်းများကို မေးမြန်းနေပါတယ်လို့ ဆိုပါတယ်။ စိုက်ပျိုး ရေးဌာနဝန်ကြီး Sharad Pawar  က အင်န်ဒရာပရာဒက်ရှ်၊ ကာနာတာကာနဲ့ ကာရလာ ပြည်နယ်များမှ အစိုးရများ၏ ဆန်ပြည်ပတင်ပို့ ခွင့်ရရှိရေးတင်ပြချက်ကို ရရှိခဲ့ပါကြောင်း နိုဝင်ဘာလကုန်က ပြောကြားခဲ့ပြီး ဖြစ်ပါသည်။ Source: Business Standard.com ,SSY