Main menu

Background

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းမှာ ဆန်ထုတ်လုပ်မှုကျဆင်း

Sun, 01/02/2011 - 04:11 -- Anonymous (not verified)

 ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းမှာ ဆန်ထုတ်လုပ်မှုကျဆင်း             ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း Visayas ဒေသမှာ အယ်နီညိုဖြစ်စဉ်ကြောင့် ရာသီဥတုခြောက်သွေ့တဲ့အတွက် လယ် သမားများအထိနာခဲ့ပြီး၊ယခုနှစ်ပထမနှစ်ဝက်အတွင်း ဆန်ထုတ်လုပ်မှု ၁၄ ဒသမ ၉ ရာခိုင်နှုန်းခန့် လျော့ကျခဲ့တယ်လို့ စိုက်ပျိုး ရေး ဌာနမှ ပြောကြားပါတယ်။ ယင်းဒေသ လယ်သမားများဟာ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ဆန်တန်ချိန် ၁၁၈၁၃၅ တန်သာထုတ်လုပ်လို့ ယခင်နှစ်ကာလတူ ထုတ်လုပ်မှုထက် ၁၃ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ဆိုပါတယ်။ ယခုနှစ် ပထမ ၆ လအတွင်း ယင်းဒေသရဲ့ စီးပွားရေးတိုးတက်မှုဟာ ပြည်ပတင်ပို့မှုနဲ့ ခရီးသွားဧည့်သည်ဝင်ရောက်မှုကြောင့် အရှိန် အဟုန်နဲ့ တိုးတက်လာခဲ့ပေမယ့် စိုက်ပျိုးရေးကဏ္ဍမှာတော့ တိုးတက်မှုမရှိဘူးလို့ နိုင်ငံတော်စီးပွားရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး အာဏာပိုင် (Neda) မှ ပြောကြားပါတယ်။                                                                           လမင်းး၊ှSource: oryza.com