လာမယ့်နှစ်အစောပိုင်းဆန်တင်ပို့ဖို့ ဗီယက်နမ်က ဆန်ဈေးနှုန်း အသစ်သတ်မှတ် ဗီယက်နမ်စားနပ်ရိက္ခာအသင်းမှ လာမယ့်နှစ် ပထမ ၂ လအတွင်း ဆန်တင်ပို့ဖို့အတွက် ကြမ်းခင်းဈေးအသစ် သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။ ၅ မှတ်ဆန် ကြမ်းခင်းဈေး တစ်တန်ကို ကန်ဒေါ်လာ ၂ဝ လျှော့ကျပြီး ကန်ဒေါ်လာ ၅၂ဝ ရှိနိုင်တယ်လို့ ဒီဇင်ဘာလ ၂၂ ရက်မှာ အသင်းက ပြောကြားပါတယ်။ တစ်ချိန်ထဲမှာပဲ ၂၅ မှတ် ဆန်ကြမ်းခင်းဈေးကတော့ တစ်တန်ကို ကန်ဒေါ်လာ ၄၉ဝ ကို ကန်ဒေါ်လာ ၁ဝ တိုးမြှင့်သွားမယ်လို့ ဆိုပါတယ်။ အသင်းအနေနဲ့ ၅ မှတ်ဆန်ကြမ်းခင်းဈေးကို လျှော့ချဖို့ ဆုံးဖြတ်ရတာကတော့ ဝယ်လက်များအနေနဲ့ ခရစ္စမတ်နဲ့ နှစ်သစ်ကူးအတွက် လိုအပ်ချက်အားလုံး ဝယ်ပြီး ဖြစ်နေတဲ့အတွက် ဝယ်လိုအားကျဆင်းမယ့် အခြေအနေ ကြောင့်လို့ ဆိုပါတယ်။ ဒီဇင်ဘာလလယ်မှာ ဗီယက်နမ်နိုင်ငံ က ကန်ဒေါ်လာ ၂ ဒသမ ၇၈ ဘီလီယံဖိုး ၊ ဆန်တန်ချိန် ၆ ဒသမ ၅ သန်းနီးပါး တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ပြည်တွင်း ကုမ္ပဏီများဟာ ၂ဝ၁ဝ ခုနှစ်အတွင်း ဆန်တန်ချိန် ၇ သန်းခန့် တင်ပို့ဖို့ စာချုပ်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ အသင်းအနေနဲ့ ၂ဝ၁၁ ခုနှစ် ပထမ ၃ လအတွင်း ဆန်တန်ချိန် ၁ ဒသမ ၃ သန်းတင်ပိုဖို့ စီစဉ် ထားတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့လက FAO က ခန့်မှန်း ရာမှ ဗီယက်နမ်အပါအဝင် အဓိက ဆန်တင်ပို့ နိုင်ငံများက ဆန်ရောင်းချမှု အကန့်အသတ်ရှိနိုင်တာကြောင့် လာမယ့် နှစ်မှာ ကမ္ဘာ့ဆန်ကုန်သွယ်မှုဟာ တန်ချိန် ၃ဝ ဒသမ ၅သန်း ကို ၂ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။ လမင်း၊ ှSources: VNS
Background
