Main menu

Background

အင်ဒိုနီးရှားနိုင်ငံက ၂ဝ၁၁ မှာ ဆန်တန်ချိန် ၃ ဒသမ ၂ သန်းထိ ဝယ်နိုင်

Sun, 01/02/2011 - 04:17 -- Anonymous (not verified)

 အင်ဒိုနီးရှားနိုင်ငံက ၂ဝ၁၁ မှာ ဆန်တန်ချိန် ၃ ဒသမ ၂ သန်းထိ ဝယ်နိုင်              အင်ဒိုနီးရှားနိုင်ငံ ထောက်ပံ့ ပို့ဆောင်ရေးအေဂျင်စီ ဘူလော့ဟာ လာမယ့်နှစ်မှာ ဆန်တန်ချိန် ၃ ဒသမ ၂ ထိဝယ်ယူဖို့ စီစဉ်ထားကြောင်းနဲ့ အကယ်လို့ ပြည်တွင်းထုတ်လုပ်မှုနဲ့ မလုံလောက်ဘူးဆိုရင် လိုအပ်ချက် ဖြည့်ဆည်းဖို့ ပြည်ပကတင်သွင်း ရမယ် လို့ ပြောကြားကြောင်း သိရပါတယ်။ ယခုနှစ်အတွင်း အင်ဒိုနီးရှား နိုင်ငံက ဆန်တန်ချိန် ၁ ဒသမ ၈ သန်းဝယ်ယူ ခဲ့ရာ ဗီယက်နမ်က တန်ချိန် ၈ သိန်းနဲ့ ထိုင်းနိုင်ငံက တန်ချိန် ၂၈ဝဝဝဝ တို့ဖြစ်ပါတယ်။                အဲဒီ ပမာဏများအနက် တန်ချိန် ၅၁၆ဝဝဝ မှာ ဘူလော့ကို တင်ပို့ပြီးဖြစ်ကြောင်းနဲ့ ကျန်တန်ချိန် ၅၆၄ဝဝဝ မှာ တင်ပို့ဖို့ စောင့်ဆိုင်းနေ ကြောင်းသိရပါတယ်။ စိုက်ပိုျးရေး ဝန်ကြီးဌာနစာရင်းများအရ ယခင်နှစ်က ဆန်တန်ချိန် ၃၄ သန်းထုတ်လုပ်ခဲ့ပြီး၊ ယခုနှစ်မှာ တန်ချိန် ၃၈ သန်းကို မြင့်တက်မယ်လို့ ခန့်မှန်းထားပါတယ်။ နိုင်ငံရဲ့ဆန် လိုအပ်ချက်ဟာ တန်ချိန် ၃၃ သန်းအထိ ရှိနိုင်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ အစိုးရအနေနဲ့ ဆန်လက်ကျန်နဲ့ လုံလောက်မယ်လို့ အာမခံနိုင်ခြင်းမရှိလို့ တင်သွင်းဖို့ လိုအပ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ လဝန်း၊ Source: oryza.com