်အိန္ဒိယမတ်ပဲဈေး နိုဝင်ဘာနဲ့ ဒီဇင်ဘာ ကာလတူဈေး အနည်းငယ်လျော့ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခင်သီတင်းပတ်များက မတ်ပဲဈေး ဆက်တိုက်ကျဆင်းခဲ့ရာက ယခုသီတင်းပတ်မှာ အနည်းငယ်မြင့်တက်လာခဲ့လို့ နိုဝင်ဘာလကုန်နဲ့ ဒီဇင်ဘာလကုန်ရက် ကာလတူ ဈေးနှိုင်းယှဉ်ရာမှ အနည်းငယ် သာလျော့ကျ ကွာခြားတာတွေ့ရပါတယ်။ အိန္ဒိယဈေးကွက်တွေကို ဝင်လာတဲ့ ပဲ အသစ်တွေမှာ အရည်အသွေးနိမ့်များပါဝင်နေပြီး ဝယ်လက်များက အရည် အသွေး ကောင်းကို ဝယ်လိုကြတာ ကြောင့် ပြည်ပက ဝယ်ယူတင်သွင်းရတဲ့အတွက် ဈေးမြင့် လာတာဖြစ်ပါတယ်။ မွန်ဘိုင်းဈေးကွက်နဲ့ C & F ဈေးများ ကာလတူနှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မွန်ဘိုင်းဈေးကွက် ချန်ဟိုင်း (C & F)၃ဝ-၁၂-၁ဝ ၈၈ဝ ၈၃ဝ၃ဝ-၁၁-၁ဝ ၉ဝ၂ ၉၉ဝ MIRT(MAPT)
Background