Main menu

Background

၂ဝ၁ဝ ခုနှစ်အတွက် ဟင်္သာတရဲ့ မတ်ပဲဈေးကွက်မှတ်တမ်း

Sun, 01/02/2011 - 04:33 -- Anonymous (not verified)

၂ဝ၁ဝ ခုနှစ်အတွက် ဟင်္သာတရဲ့ မတ်ပဲဈေးကွက်မှတ်တမ်း                 ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလမှာ မတ်ပဲသစ်များ စပေါ်ပြီး ပိဿာ ၂ဝ ဝင်တစ်တင်းကို ၂၅ဝဝဝ ကျပ်နဲ့ စတင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာတော့ ၂၄၃ဝဝ ကျပ်နဲ့ ဈေးပြန်ငြိမ်သွားပါတယ်။ မတ်လ မတ်ပဲလှိုင်လာချိန် ဈေးမှာ ငွေဈေးကွက် ပေါ် မူတည်ပြီး အတက်အကျဖြစ်နေပါတယ်။ ဧပြီနဲ့ မေလများမှာ မတ်ပဲ အရောင်းအဝယ်များ သွက်လာခဲ့ပြီး တစ်တင်းကို ၃၇၅ဝဝ ကျပ်ဈေးသို့ မြင့်တက် ခဲ့ပါတယ်။ ဇွန်၊ ဇူလိုင်လများမှာ အရောင်းအဝယ် ပုံမှန်ရှိနေပေမဲ့ မတ်ပဲဈေးမှာ ၃၃ဝဝဝ ကျပ်ဈေးကို ပြန်လည်ကျဆင်းသွားပါတယ်။ သြဂုတ်၊ စက်တင်ဘာလများမှစ၍ မတ်ပဲဈေးမှာ တဖြည်းဖြည်းဆက်တက်လာကာ လက်ကျန်လည်း နည်းပါးသွားပြီဖြစ်ကြောင်း သိရှိရပါတယ်။ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများမှာ မတ်ပဲတစ်တင်းကို ၂၆ဝဝဝ ကျပ်မှ ၂ဝ၅ဝဝ ကျပ်ကို ကျဆင်းသွားပေမဲ့ လက်ကျန်ပေါ်မူတည်ပြီး ဈေးကွက်မှာ အရောင်းအဝယ် ဖြစ်နေ ကြောင်း သိရပါတယ်။ အေးအေးခိုင်