Main menu

Background

လက်ပံတန်းနယ်မှာ ရေလိုက်ပဲတွေ ဈေးကွက်ဝင်

Sun, 01/02/2011 - 04:40 -- Anonymous (not verified)

လက်ပံတန်းနယ်မှာ ရေလိုက်ပဲတွေ ဈေးကွက်ဝင်                    ပဲခူးတိုင်းဒေသကြီးအနောက်၊ လက်ပံတန်းမြို့နယ်မှာ ရေလိုက်မတ်ပဲနဲ့ ပဲလွန်းဖြူများ ပေါ်စပြုနေပြီဖြစ်ပါတယ်။ ရေလိုက်မတ်ပဲများကို လက်ပံတန်းမြို့နယ် အတွင်းရှိ မြစ်ဘေးချောင်းဘေးကျေးရွာများဖြစ်တဲ့ အသရော်၊ ဘီးလင်း၊ ဇိုင်းသွယ်၊ ချောင်းသုံးခွနဲ့ တော်လဿကျေးရွာများမှာ စိုက်ပျိုးကြပါတယ်။ ရေလိုက် မတ်ပဲများ ကို အများအားဖြင့် ရာသီဥတုအခြေအနေပေါ်မူတည်ပြီး မြစ်ရေ၊ ချောင်းရေကျချိန် အောက်တိုဘာလဆန်းတွင်းမှာ ရေလိုက်ကြဲပက်စိုက်ပျိုးပြီး၊ ဒီဇင်ဘာလ လယ်လောက်မှာ ပေါ်စပြုလာခြင်းဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၈ ရက် မတ်ပဲပေါက် ဈေးမှာ တစ်တင်းလျှင် ၂၁၃ဝဝ ကျပ်ဖြစ်ပြီး၊ ပဲလွန်းဖြူတစ်တင်းလျှင် ၁၇ဝဝဝ ကျပ်ဖြင့် ပဲအဝယ်ဒိုင်များက ဈေးဖွင့်ဝယ်ယူလျက်ရှိကြောင်းသိရှိရပါတယ်။              ခင်ခင်ထိုက်