Main menu

Background

အစိုဓါတ်များခြင်းကြောင့် အိန္ဒိယပြည်နယ်အစိုးရ ပဲစင်းငုံဝယ်ယူမှု နှောင့်နှေးနေ

Sun, 01/02/2011 - 04:53 -- Anonymous (not verified)

အစိုဓါတ်များခြင်းကြောင့် အိန္ဒိယပြည်နယ်အစိုးရ ပဲစင်းငုံဝယ်ယူမှု နှောင့်နှေးနေ                အိန္ဒိယနိုင်ငံ မဟာရပ်ရှတရာမှထွက်ရှိတဲ့ ပဲစင်းငုံများမှာ အစိုဓါတ် ပါဝင်မှု မြင့်မားနေလို့ ဝယ်ယူဖို့အခက်တွေ့ နေရပါတယ်လို့ ပြည်နယ် အစိုးရ အရာရှိတစ်ဦးက ပြောကြားကြောင်း သိရပါတယ်။ ပြည်နယ်အစိုးရက ပဲစင်းငုံ ဝယ်ယူဖို့ခရိုင် ၁၁ ခုမှာ ပဲစင်းငုံအဝယ်စင်တာများဖွင့်လှစ်ထားပြီး အစိုဓါတ် ပါဝင်မှု များလို့ လက်ရှိအချိန်ထိ ဝယ်ယူရခြင်းမရှိသေးဘူးလို့ ပြည်နယ်ဈေးကွက် ရှာဖွေရေး အဖွဲ့မှ ပြောကြားပါတယ်။ တောင်သူများရောင်းချနေတဲ့ ပဲစင်းငုံများဟာ နိုင်ငံတော် လယ်ယာထွက်ကုန်သမ ဈေးကွက်ရှာဖွေရေးအဖွဲ့မှ သတ်မှတ်ထားတဲ့ ပဲစင်းငုံ အစိုဓါတ် ပါဝင်မှု ၁၂ ရာခိုင်နှုန်းထက်ကျော်လွန်ပြီး ၁၅-၁၇ ရာခိုင်နှုန်းခန့်အထိ ပါဝင်နေတယ်လို့ ဆိုပါတယ်။ နိုဝင်ဘာလကုန်အထိ ပဲအဓိကစိုက်ပိုျးတဲ့ ဒေသများ မှာ မိုးအဆက်မပြတ်ရွာသွန်းနေလို့ အစိုဓါတ်ပါဝင်မှု များနေခြင်းဖြစ်တယ်လို့ သိရပါတယ်။ ပြည်နယ်အစိုးရဟာ နောက်နှစ်လအတွင်း ပဲစင်းငုံအနည်းဆုံးတန်ချိန် ၁ဝဝဝဝ-၂ဝဝဝဝ ဝယ်ယူသွားဖို့ ခရိုင် ၁၁ ခုမှာ အရောင်းစင်တာ ၄၇ ခုဖွင့်လှစ်ထားကြောင်း သိရပါတယ်။ ဗဟိုအစိုးရမှ ပဲစင်းငုံအတွက် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း တစ်တန်ကို ရူပီး ၃ဝဝဝဝ (ကန်ဒေါ်လာ ၆၆၄)သတ်မှတ်ထားပြီး၊ ပဲအများဆုံး ထွက်ရှိတဲ့ နှစ်လအတွက် တစ်ကြိမ်ကို အပိုဆောင်းငွေ ရူပီး ၅ဝဝဝ (ကန်ဒေါ်လာ ၁၁၁) ပေးဝယ်ယူဖို့ ဝယ်ယူရေးအေဂျင်စီများကို သတ်မှတ်ပေးခဲ့ကြောင်း သိရပါ တယ်။ ပဲစင်းငုံဝယ်ယူမှုဟာ နောက် ၆ ရက်-၇ ရက်အတွင်း အရှိန်အဟုန်ဖြင့် ဝယ်ယူသွားမယ်လို့ အရာရှိတစ်ဦးက ပြောကြားပါတယ်။ ယမင်းခင်၊ှSource: business standard