Main menu

Background

တရုတ်ဆွဲအားကောင်းလာတဲ့ မန်းပဲတီစိမ်း

Sun, 01/02/2011 - 05:22 -- Anonymous (not verified)

တရုတ်ဆွဲအားကောင်းလာတဲ့ မန်းပဲတီစိမ်း                မန်းဈေးကွက်သို့ မုံရွာ၊ ရွှေဘိုနယ်ဘက်မှ ပဲတီစိမ်းအသစ်များ ဝင်ရောက်မှုရှိနေပြီး၊ ဈေးကွက်အတွင်းမှာ အသစ်ရော၊ အဟောင်းပါ အရောင်းအဝယ်သွက်နေကြပါတယ်။ တရုတ်ဝယ်လက်မှ ပဲတီစိမ်း (ထိပ်စ) များသာ ဝယ်ယူကြပြီး၊ လတ်စနဲ့အောက်စများကိုတော့ ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်းပဲခွဲစက်လုပ်ငန်းရှင်များမှသာ အများဆုံးဝယ်ယူနေတာကို တွေ့ရပါတယ်။ အရည်အသွေးကောင်းတဲ့ ပဲတီစိမ်းတွေက တစ်ပိဿာ ၁၃၅ဝ ကျပ်၊ တစ်တန် ၈၂၆၇ဝဝ ကျပ်၊ အောက်စ တစ်ပိဿာ ၁ဝ၁၃ ကျပ်၊ တစ်တန် ၆၂ဝ၃ဝဝ ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြပါတယ်။ တင်ပို့မှုအနေနဲ့ တစ်ပတ် အတွင်း တရုတ်သို့ ၈၇ဝ တန်၊ ရန်ကုန်သို့ ၄၉ဝ တန် တင်ပို့မှုရှိခဲ့ပြီး၊ ဈေးကွက်အတွင်းမှာ ယခင်တစ်ပတ်က ပဲတီစိမ်းဟာ တရုတ် ဝယ်လိုအားနည်းခဲ့ပေမယ့် ယခုတစ်ပတ်မှာတော့ တရုတ်ဝယ်လိုအား ပြန်ကောင်းလာတယ်လို့ ရောင်းဝယ်နေကြတဲ့ ကုန်သည်များမှ ပြောကြားကြောင်း သိရှိရပါတယ်။ ကျော်ကျော်မိုး