Main menu

Background

လက်လီအရောင်းအဝယ်ဈေး( ဓာတ်ဆီ/ဒီဇယ်ဆီ)

Sun, 01/02/2011 - 05:58 -- Anonymous (not verified)

ဒီဇယ်ဆီအဝင်တန်ချိန် သုံးသောင်းကျော်ရှိ               ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် ဒီဇင်ဘာ ၂ဝ ရက်မှ ၂၆ ရက်တာကာလ အတွင်း ဒီဇယ်ပီပါ နှစ်သိန်းနှစ်သောင်းကျော်၊ တန်ချိန်အားဖြင့် သုံးသောင်းကျော်နဲ့ ဓာတ်ဆီ ပီပါ လေးသောင်းရှစ်ထောင်ကျော်ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းလာခဲ့ပါတယ်။ ယခင်သီတင်းပတ်ဒီဇယ်ဆီအဝင်မှာ တန်ချိန်ငါးသောင်းနှစ် ထောင်ကျော်ရှိခဲ့ပြီး ယခုသီတင်းပတ် အဝင်နဲ့ယှဉ်ရင် ဒီဇယ်အဝင်တော်တော်လျော့ ခဲ့ပါတယ်။ ဓါတ်ဆီကတော့ ဇူလိုင်နောက်ဆုံးပတ်လောက်မှစ၍တင်သွင်းခြင်းမရှိပဲ ယခုသီတင်းပတ်မှသာ ရေကြောင်းလမ်းကအဝင်အဖြစ် ပြန်လည်တင်သွင်းခဲ့တာဖြစ် ပါတယ်။                                                                 MIRT-DOTနယ်စပ်မှ ဓာတ်ဆီ၊ ဒီဇယ်ဆီတင်သွင်းမှုပိုမို                 ဒီဇင်ဘာ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်း ကန်ပိုက်တီးနဲ့ တာချီလိတ် နယ်စပ်စခန်းတို့မှ ကန်ဒေါ်လာ ၇၈၈၁၃၆ တန်ဖိုးရှိ ဒီဇယ်ဆီ ၇၃၉ဝ၈၇ ဂါလန် တင်သွင်းနိုင်ခဲ့ပြီး ပြီးခဲ့တဲ့အပတ်က ဒီဇယ်ဆီ ၃၁ဝ၅၂၄ ဂါလံတင်သွင်းခဲ့တာမို့ ယခုအပတ်မှာ ဂါလန် ၄၂၈၅၆ဝ ကျော်ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ဓာတ်ဆီကိုတော့ တာချီလိတ်နယ်စပ်မှသာ ၄၆၈၇၇ ဂါလန်၊ ကန်ဒေါ်လာ ဝ ဒသမ ၁၁ သန်းကျော်ဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၉၃၃၅၂ ဂါလံ ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ဧပြီလမှ ဒီဇင်ဘာလ ၂၈ ရက်ထိ ကာလအတွင်း နယ်စပ်မှ ဓာတ်ဆီ ဂါလန် ၃ ဒသမ ၃၂ သန်းကျော်နဲ့ ဒီဇယ်ဆီ ဂါလန် ၁ ဒသမ ၂ သန်းကျော် တင်သွင်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။                                                                      MIRT(DOBT)လက်လီအရောင်းအဝယ်ဈေးပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်-                                                                                                                    ဒီဇင်ဘာ ၂ဝ၁ဝ         ဝယ်ဈေးဓာတ်ဆီ(ကျပ်)     ဝယ်ဈေးဒီဇယ်(ကျပ်)ရက်     ရန်ကုန်     မန္တေ           ရန်ကုန်     မန္တလေး၂၇     ၃၃ဝဝ     ၃၄ဝဝ            ၃ဝဝဝ     ၃၃ဝဝ၂၈     ၃၃ဝဝ     ၃၄ဝဝ            ၃ဝဝဝ     ၃၃ဝဝ၂၉    ၃၃ဝဝ     ၃၄ဝဝ             ၃ဝဝဝ     ၃၃ဝဝ၃ဝ     ၃၃ဝဝ     ၃၄ဝဝ            ၃ဝဝဝ     ၃၃ဝဝ၃၁     ၃၃ဝဝ     ၃၄ဝဝ           ၃ဝဝဝ     ၃၃ဝဝMIRT-DOT