Main menu

Background

၂ဝ၁၁ ခုနှစ်တွင် ရေနံစိမ်းဈေးနှုန်း တစ်စည် ဒေါ်လာ ၁ဝဝ ထိဖြစ်နိုင်

Sun, 01/02/2011 - 06:00 -- Anonymous (not verified)

 ၂ဝ၁၁ ခုနှစ်တွင် ရေနံစိမ်းဈေးနှုန်း တစ်စည် ဒေါ်လာ ၁ဝဝ ထိဖြစ်နိုင်              ကမ္ဘာ့ဝယ်လိုအား မြင့်မားလာတာနဲ့ အိုအီးစီဒီနိုင်ငံတွေမှာ လက်ကျန်ရေနံ ကျဆင်းလာတဲ့အတွက် ၂ဝ၁၁ ခုနှစ်မှာ တက္ကဆပ်အနောက်ပိုင်း (WTI)  နဲ့ ဘရင့် ရေနံစိမ်းဈေးနှုန်းတစ်စည်ကို ဒေါ်လာ ၁ဝဝ ထိ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထား ပါတယ်။ ၂ဝ၁ဝ ပြည့်နှစ်မှာ ယူရိုဇုန်ရဲ့အစိုးရြွေကးမြီအကျပ်အတည်း၊ အမေရိကန် ပြည်ထောင်စု တစ်ကျော့ပြန်စီးပွားရေး ဆုတ်ကပ်ဖြစ်မှာကိုစိုးရိမ်မှုနဲ့ ထွန်းသစ်စနိုင်ငံ တွေမှာ ငွေဖောင်းပွမှုဖြစ်နေတာတွေကြောင့် တစ်နှစ်လုံးမရေမရာမှု တွေရှိနေခဲ့ပါတယ်။ ဒါပေမယ့် ၂ဝ၁ဝ ပြည့်နှစ်မှာ ရေနံဈေးနှုန်းတွေအခြေအနေ ကောင်းခဲ့ပါ တယ်။(WTI)  နဲ့ ဘုရင့်ရေနံစိမ်းဈေးနှုန်း နှစ်ခုလုံးဟာ ယခုနှစ်အတွင်း ၁ဝ ရာခိုင်နှုန်း ပိုမိုနိုင်ပါတယ်။ ဒါပေမယ့် ဒေါ်လာဈေးနှုန်းကတော့ ၃ ရာခိုင်နှုန်း တိုးတက်နိုင် ပါတယ်။ အခက်အခဲ၊ အတားအဆီးတွေ ရှိပေမယ့် ကမ္ဘာ့ရေနံဝယ်လိုအားက တစ်ရက်ကို ၂ ဒသမ ၄ သန်းအထိ ပိုမိုလိုအပ်လာမှာဖြစ်ပါတယ်။               အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ၏ ထုတ်ပြန်ချက်အရ ကမ္ဘာ့စုစုပေါင်း ရေနံဝယ်လိုအားဟာ ၂ဝ၁ဝ ပြည့်နှစ် တတိယသုံးလပတ်မှာ နှစ်အလိုက် ၃ ဒသမ ၇၅ ရာခိုင်နှုန်း ပိုမိုတိုးတက်လာတာတွေ့ရပါတယ်။ အိုပက်နဲ့ အီးအိုင်အေလို ရေနံ အေဂျင်စီတွေရဲ့ ခန့်မှန်းချက်အရတော့ ဒီထက်ပိုများပါတယ်။ ၂ဝ၁ဝ ပြည့် စတုတ္ထ သုံးလပတ်မှာ နှုန်းထားမြင့်တက်ရင်တော့ ၂ဝ၁ဝ ရေနံဝယ်လိုအားက စံချိန်တင်တဲ့ အထိ ရောက်ရှိနိုင်ပါတယ်။             (၁၁)ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂ဝဝ၆-၂ဝ၁ဝ) စွမ်းအင်ထိန်းသိမ်းရေး မူဝါဒတွေအရ တရုတ်နိုင်ငံမှာ ပြည်နယ်အစိုးရက ကျောက်မီးသွေးသုံး စက်ရုံတွေ ပိတ်ခဲ့တဲ့အတွက် ရေနံဝယ်လိုအားက ပိုမိုမြင့်တက်လာခဲ့ပါတယ်။ လာမယ့်နှစ်မှာ တရုတ်အစိုးရက ငွေဖောင်းပွမှုကိုထိန်းခုျပ်ဖို့ ပိုမိုဆောင်ရွက်မှာ သေချာပါတယ်။ ဒါကြောင့် အတိုးနှုန်းတွေ ပိုမြင့်လာပါမယ်။ ဒါကြောင့် ကုန်ထုတ်လုပ်မှုကဏ္ဍ အတွက် စိန်ခေါ်မှုတွေရှိနေပါမယ်။ Source:ibtimes.com,ဉာဏ်တင်