Main menu

Background

တရုတ်ငွေဈေး၊ ဒေါ်လာဈေးအေး ရွှေဈေးနာလန်မထူ

Sun, 01/02/2011 - 06:05 -- Anonymous (not verified)

တရုတ်ငွေဈေး၊ ဒေါ်လာဈေးအေး ရွှေဈေးနာလန်မထူ                တရုတ်ငွေဈေးနှင့် ဒေါ်လာဈေးအေးသဖြင့် ရွှေဈေး နာလန်မထူခြင်းဖြစ် ကြောင်း ရွှေကုန်သည်များထံက ကြားသိရသည်။ ''ခိုင်မာမှုရှိခဲ့တဲ့ ယွမ်ငွေဈေး၊ ဒေါ်လာဈေးတွေ ကျတယ်။ အေးတယ်ဆိုတဲ့ အနေအထားကြောင့် ရွှေဈေးကိုလည်း ကျနိုင်မယ်လို့ မှန်းသူတွေက ခန့်မှန်းကြတယ်။ အမြင့်ဈေးနဲ့ဆိုရင် ရွှေကိုအများကြီး ဝယ်မထားရဲဘူး။ ဆိုပါတော့ ၆ သိန်း ၅သောင်းနဲ့ ဝယ်ထားတဲ့သူက ၆ သိန်း ၆ သောင်း၊ ၆ သိန်း ၇ သောင်းဆို ပြန် ထုတ်တာပဲ။ ပြန်ထုတ်ရင် ရောင်းတဲ့ဆိုင်က ဝယ်သူနဲ့ ယုံကြည်မှုတည်ဆောက်နိုင် အောင် ၃ဝဝဝ ကျပ်၊ ၅ဝဝဝ ကျပ်ခွာပြီး ပြန်ဝယ်ရတယ်။ ဆိုလိုတာက ရွှေဈေးကို သိပ်မတက်ရဲကြဘူး။ ရောင်းထားတဲ့ရွှေပြန်ဝင်မယ်ဆိုတာသိ နေတာလည်းပါတယ်။                  လက်ရှိအခြေအနေမှာ ရွှေဈေး ၆ သိန်း ၅ သောင်းနဲ့အောက်ဆို အဝယ်များတယ်။ ၆ သိန်း ၅ သောင်းအထက်ဆို လက်ရှိစီးပွားရေး အခြေအနေနဲ့ ဝယ်လက်မလိုက် နိုင်တဲ့ ဈေးတွေဖြစ်တယ်လို့လဲ သုံးသပ်နိုင်တယ်။ အထူးသဖြင့် ကျရိပ်ရှိနေတာ ကြောင့် ဝယ်လိုအားမရှိဘူး။ရွှေဈေး နာလန်မထူဘူး''ဟု ဝါရင့်ရွှေလုပ်ငန်းရှင်တစ်ဦး က သုံးသပ်ပြောကြားသည်။                   ရွှေဈေးကွက်အတွင်း ရင်းနှီးမြှုပ်နံှသူများအနေဖြင့် ယခင်နှစ်ကထက် အရေ အတွက် နည်းပါးသွားသည်ဟုဆိုသည်။ ခင်မျိုးသွယ်