ဓာတ်မြေသြဇာအဝင်အားကောင်း ပင်လယ်ရေကြောင်းလမ်းကနေ ဒီဇင်ဘာ ၂ဝ ရက်မှ ၂၆ ရက်တာ ကာလ အတွင်း ဓာတ်မြေသြဇာတန်ချိန် ၂၄၂၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၇၁၈ဝဝဝ ဖိုးကိုတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံတွေကတော့ တရုတ်နိုင်ငံမှ ယူရီးယား ၄၆% ဓာတ်မြေသြဇာတန်ချိန် ၄ဝဝ၊ ထိုင်းနိုင်ငံဘက်မှ ဓာတ်မြေသြဇာ တန်ချိန် ၉၃၆ တန်၊ ဘူဂေးရီးယားမှ ဓာတ်မြေသြဇာတန်ချိန် ၉၉၃နဲ့ အိန္ဒိယနိုင်ငံမှ ပိုတက်ဓာတ်မြေသြဇာတန်ချိန် ၁ဝဝ တို့ကို အသီးသီး တင်သွင်းခဲ့ပါတယ်။ ပြီးခဲ့ တဲ့ သီတင်းပတ်မှာ ဓာတ်မြေသြဇာတန်ချိန် ၈၉ဝ ကျော်သာ တင်သွင်းခဲ့တာမို့ ဒီသီတင်းပတ်မှာ များများစားစား တင်သွင်းလာသလို ပြည်တွင်း ဝယ်လိုအားများ ကလည်း ပိုမိုကောင်းဆဲပဲဖြစ်တာကြောင့် နယ်စပ်လမ်းသာမက ပင်လယ်ရေကြောင်း ကိုပါ အားပြုတင်သွင်းလာတာ တွေ့ရပါတယ်။MIRT (DOT) ဆောင်းသီးနံှစိုက်ချိန် ဓာတ်မြေသြဇာတင်သွင်းမှုပို ဒီဇင်ဘာလ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်း နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၃ သန်းကျော်တန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၃၈၉၃ တန်ကျော် တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၁၁၇၃၃ တန်ကျော် တင်သွင်းခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၂၁၆ဝ ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ဆောင်းသီးနံှ စိုက်ချိန် ဖြစ်တဲ့အတွက် ဓာတ်မြေသြဇာပိုမိုတင်သွင်းနေရတယ်လို့ တာချီလိတ်နယ်စပ်ကုန်သည်အသင်းမှ သတင်းရရှိပါတယ်။ စခန်းအလိုက် ဓာတ်မြေသြဇာတင်သွင်းမှုများ ကတော့ မူဆယ်မှ တန်ချိန် ၁၃၅၂ဝ၊ ရိဒ်မှ ၂ဝ၈ တန်၊ ကော့သောင်းမှ တန် ၉ဝ၊ တာချီလိတ်မှ ၅၇ တန်ကျော်နဲ့ တမူးမှ ၁၇ တန် အသီးသီး တင်သွင်းနိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ တီစူပါဖော့စဖိတ်နဲ့ ကွန်ပေါင်းတို့ဖြစ်ပါတယ်။ တမူးနဲ့ ရိဒ်နယ်စပ်ကနေ ပိုတက်ရှ် ဓာတ်မြေသြဇာသွင်းပြီး တာချီလိတ်နဲ့ ကော့သောင်းနယ်စပ်ကနေ ကွန်ပေါင်း အသွင်းများပါတယ်။ ဧပြီလမှ ဒီဇင်ဘာလ ၂၈ ရက်အထိ နယ်စပ်စခန်းများမှ ဓာတ်မြေသြဇာ တန်ချိန် ၄၇၄၁၇၇ တင်သွင်းထားပြီးဖြစ်ပါတယ်။MIRT(DOBT) ဈေးကွက်က ဈေးနှုန်း ပြည်တွင်းသုံး ဓာတ်မြေသြဇာအမျိုးမျိုး၏ ဒေသအသီးသီးရှိ ဈေးကွက်ပေါက် ဈေးများကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ် -တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) ယူရီးယား(တရုတ်)ရွက်လှေ ၂၂ဝဝဝ တီစူပါ(သံကွင်း-တရုတ်) ၂၄ဝဝဝ တီစူပါ(မြှား-တရုတ်) ၂၄ဝဝဝ ပိုတက်(တရုတ်) ၂၄ဝဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၁၉၆ဝဝ ယူရီးယား(တရုတ်-ပန်းဖူး) ၁၉၄ဝဝ တီစူပါ GTSP 46% ၂၁၁ဝဝ တီစူပါ GSSP 16% ၉၁ဝဝ တီစူပါGSSP 12% ၈၅ဝဝ ကွန်ပေါင်း(တရုတ်) 15:15:15 ၂၈ဝဝဝ အာမို(ဒိုင်းမွန်းစတား) ၄ဝဝဝဝတောင်ငူ ယူရီးယား-ပုလဲ(ယူအေအီး) ၁၈၅ဝဝ ယူရီးယား(ရွှေတောင်-တရုတ်) ၂ဝဝဝဝ ယူရီးယား(ကမ္ဘာလုံး-တရုတ်) ၂ဝဝဝဝ ကုလားအုတ်(တရုတ်) ၂ဝဝဝဝတောင်ကြီး ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၂၁၂ဝဝ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၂၁၂ဝဝ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၁၃ဝဝ တီစူပါ-(တရုတ်) 12% ၁ဝဝဝဝ တီစူပါ-(တရုတ်) 16% ၁ဝ၃ဝဝ တီစူပါ 15:15:15 (တရုတ်) ၃၅ဝဝဝ တီစူပါ 10:10:5 (တရုတ်) ၁၄ဝဝဝ ပိုတက်(တရုတ်) ၂၁ဝဝဝ ဓာတ်ဆား (တရုတ်) ၁၃၈ဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၂၅ဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၂၃ဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၂၈ဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၈၅ဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း15:15:15 ၃၇ဝဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃၄ဝဝဝ တီစူပါ (တရုတ်)သံကွင်း 46% ၂၄၅ဝဝMIRT (MAPT)
Background