ဘိလပ်မြေအဝင်ပုံမှန်ရှိ ဒီဇင်ဘာ ၂ဝ ရက်မှ ၂၆ ရက်တာကာလအတွင်း ဘိလပ်မြေတန်ချိန် ၂၈ဝဝ ကျော်၊ တန်ဖိုး ကန်ဒေါ်လာ ၂၄ဝ၆၈ဝဝ ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံကတော့ အမြဲတမ်းဖောက် သည်ဖြစ်တဲ့ ထိုင်းနိုင်ငံဘက်ကပဲ ဖြစ်ပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေတံဆိပ်တွေ ကတော့ ဆင်တံဆိပ်ဘိလပ်မြေ တန်ချိန် သုံးထောင်ကျော်၊ စိန်တံဆိပ်ဘိလပ်မြေ တန်ချိန် တစ်သောင်းလေးထောင်ကျော်နဲ့ အခြားတံဆိပ်တန်ချိန် တစ်သောင်းကျော် တို့ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်မှာ ဘိလပ်မြေတန်ချိန် ၄၂ဝဝ ကျော် တင်သွင်းခဲ့တာမို့ ဒီတစ်ပတ်မှာ တန်ချိန် ထက်ဝက်နီးပါး လျော့နည်းသွားခဲ့တာ တွေ့ရသလို စိန်တံဆိပ်အဝင်လည်း အားကောင်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) နယ်စပ်စခန်းများမှ ဘိလပ်မြေတန် ၇၃ဝဝ ကျော်တင်သွင်း ဒီဇင်ဘာ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်း နယ်စပ်စခန်းများမှ ကန် ဒေါ်လာ ဝ ဒသမ ၇၇၉ သန်း တန်ဖိုးရှိ ဘိလပ်မြေ ၇၃၇၉ တန်ကျော် တင်သွင်း နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၄၆၇၄ တန်တင်သွင်းခဲ့တဲ့အတွက် ယခုအပတ်မှာ ၂၇ဝ၅ တန်တင်သွင်းမှုပိုမိုခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ်မှ ၂၇၄ တန်ကျော် ၊ ကန်ပိုက်တီးမှ ၄ဝ၂၈ တန်၊ လွယ်ဂျယ်မှ တန် ၇ဝဝ၊ တာချီလိတ်မှ ၁၆၇၂ တန်ခန့်၊ မြိတ်မှ ၆ဝ၅ တန်ကျော်၊ စစ်တွေမှ တန် ၄ဝ ကျော်နဲ့ မောင်တောမှ တန် ၆ဝ အသီးသီး တင်သွင်းခဲ့ကြပါတယ်။ ဧပြီလမှဒီဇင်ဘာလ ၂၈ ရက်အထိ ဘိလပ်မြေ တင်သွင်းထားမှုမှာ တန်ချိန် ၁၆ဝဝဝဝ နီးပါးရှိပြီဖြစ်ပါတယ်။ MIRT(DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေဖြန့်ဈေးများမှာ အောက်ပါအတိုင်းဖြစ်ပါတယ် - တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅ဝဝဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၉ဝဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၄ဝဝ ဘိလပ်မြေ(AAA) ၅၂ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၂ဝဝ ဘိလပ်မြေ(TPI)ထိုင်း ၆၃ဝဝ ဘိလပ်မြေ(ဆင်မင်း) ၄၈ဝဝ ဘိလပ်မြေ(နှင်းတောင်) ၆၂ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆ဝဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၄ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၉ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၆ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၅၅ဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၄၉ဝဝမကွေး ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၄ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝ ဘိလပ်မြေ(ဆင်မင်း)ကျောက်ဆည် ၅၈ဝဝMIRT (MAPT)
Background