Main menu

Background

ဇန်နဝါရီလ စားအုန်းဆီကြမ်း တင်ပို့ခွန်ကို အင်ဒိုနီးရှားက ၂ဝ ရာခိုင်နှုန်း တိုးမြင့်

Sun, 01/02/2011 - 07:57 -- Anonymous (not verified)

ဇန်နဝါရီလ စားအုန်းဆီကြမ်း တင်ပို့ခွန်ကို အင်ဒိုနီးရှားက ၂ဝ ရာခိုင်နှုန်း တိုးမြင့်                     အင်ဒိုနီးရှားနိုင်ငံ ပြည်ပ ကုန်သွယ်ရေးဌာနမှ ဇန်နဝါရီလ ပို့မယ့် စားအုန်းဆီကြမ်းတင်ပို့ခွန်ကို ၂ဝ ရာခိုင်နှုန်းထိ တိုးမြင့်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတကာ စတော့ဈေးကွက်မှာ စားအုန်းဆီကြမ်း ဈေးနှုန်းမြင့်တက်ခြင်းနဲ့ ရေနံဈေးနှုန်း မြင့်တက်ခြင်းတို့ကြောင့် ဒီဇင်ဘာလမှာ တင်ပို့ခွန် ၁၅ ရာခိုင်နှုန်း ကောက်ခံခဲ့ရာမှ ယခုအခါ၂ဝ ရာခိုင်နှုန်းကို တိုးမြင့်ခဲ့ခြင်းဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်းမွန်လာခြင်းနဲ့အတူ ရေနံဈေးနှုန်း ကလည်း ယခင်နှစ်မေလမှာ အနိမ့်ဆုံး ကျင်းဆင်းခဲ့ရာမှ ၃ဝ ရာခိုင်နှုန်း ပြန်လည် မြင့်တက်လာခဲ့ပါတယ်။ လာမယ့်ကာလတွေမှာ ကမ္ဘာ့ရေနံဈေးဟာ တစ်စည်ကို ကန်ဒေါ်လာ ၁ဝဝ အထိ မြင့်တက်နိုင်တယ်လို့ လစ်ဗျားနိုင်ငံတော် ရေနံကုမ္ပဏီ မှ ခန့်မှန်းထားပါတယ်။ ရေနံဈေးနှုန်း မြင့်တက်ခြင်းနဲ့အတူ နိုင်ငံတကာ ဈေးကွက်မှာ စားအုန်းဆီကြမ်းဈေးနှုန်းလည်း မြင့်တက်လာလိမ့်မယ်လို့ ဆိုပါ တယ်။ ကုန်သွယ်ရေးဝန်ကြီးဌာနက တွက်ချက်မှုအရ စားအုန်ဆီကြမ်းပျမ်းမျှ ညွှန်းကိန်းဈေးနှုန်းဟာ တစ်တန်ကို ကန်ဒေါ်လာ ၁ ဒသမ ၁၈၄ ရှိတယ်လို့ သိရပါတယ်။                                                                           ယုဇန၊Source: Jones News