Main menu

Background

ယခုတစ်ပတ် နှမ်းတင်ပို့မှု လျော့ကျ

Sun, 01/02/2011 - 08:03 -- Anonymous (not verified)

ယခုတစ်ပတ် နှမ်းတင်ပို့မှု လျော့ကျ                        ပင်လယ်ရေကြောင်းက နှမ်းတင်ပို့ရာမှ ယခင်သီတင်းပတ်တွေက တန်ချိန် ၁ဝဝဝ ကျော်စီတင်ပို့မှုရှိခဲ့ပေမဲ့ ယခုသီတင်းပတ်မှာတော့ တန်ချိန် ၃ဝဝ ကျော်ကို လျော့ကျလာခဲ့ပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာ နှမ်းဟောင်းလက် ကျန် နည်းပြီး နှမ်းအသစ်တွေ ဝင်လာပေမဲ့ အရောင်းအဝယ်အေး ဈေးအေးနေ တယ်လို့ သိရပါတယ်။ ပို့ကုန်ဝင်ငွေတစ်ယူနစ်တန်ဖိုးကျဆင်းတာကြောင့် လက်ရှိ ပြည် တွင်းဈေးနဲ့ မကိုက်တဲ့အတွက် ဒီတစ်ပတ်မှာ တင်ပို့မှုလျော့ကျသလို ရန်ကုန်  FOB ဈေးအနေနဲ့ သိပ္ပံနှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၈၄ဝ-၁၈၉ဝ ၊ နှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၄၈ဝ-၁၅၃ဝ နဲ့ နှမ်းဖြူတစ်တန်ကို ကန်ဒေါ်လာ ၁၃၃ဝ-၁၃၈ဝ အသီးသီး ရှိတယ်လို့ သိရပါတယ်။                                       MIRT - MAPT