Main menu

Background

အရောင်းအဝယ်သွက်တဲ့ စစ်ကိုင်းကနှမ်း

Sun, 01/02/2011 - 08:08 -- Anonymous (not verified)

အရောင်းအဝယ်သွက်တဲ့ စစ်ကိုင်းကနှမ်း                  ဝက်လက်၊ ရေဦး၊ တန့်ဆည်၊ ဘုတလင်၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ အရာတော်၊ ချောင်းဦး၊ မြင်းမူ၊ မြောင်မြို့နယ်များမှ နှမ်းအသစ်များ မုံရွာမြို့သို့ အများအပြားဝင်ရောက်လာပါတယ်။ ၂ဝ၁ဝ ခု ဒီဇင်ဘာလအတွင်း မုံရွာကုန်စည်ဒိုင်မှာ နှမ်းတစ်ပိဿာ အနိမ့်၊ အမြင့်ဈေးများမှာ နှမ်းညို ၁၂၆၇ ကျပ်၊ ၁၄၆၇ ကျပ်၊ နှမ်းနီ ၁၄၃၃ ကျပ်၊ ၁၅၆၇ ကျပ်၊ နှမ်းဖြူ ၁၅ဝဝ ကျပ်၊ ၁၆၆၇ ကျပ်ဈေးအသီးသီးနဲ့ ရောင်းဝယ်ခဲ့ကြပါတယ်။ ယခုလအတွင်း စစ်ကိုင်းတိုင်း ဒေသကြီးမှ မန္တလေးမြို့သို့ နှမ်း ၉၆ဝဝ ကျော်စီးထွက်ခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ နှမ်းဖြူ၊ နှမ်းနီ တစ်ရက်ကို ပျမ်းမျှတင်း ၆ဝဝ ခန့်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ နှမ်းဆီပေါက်ဈေးမှာ တစ်ပိဿာ လက်ကားဈေး ၂၈၅ဝ ကျပ်၊ လက်လီဈေး ၃၁ဝဝ ကျပ်ဈေး ရှိကြောင်း သိရပါတယ်။ သန်းးသန်းးတင်