Main menu

Background

တရုတ်နိုင်ငံရဲ့ ဇန်နဝါရီ ပဲပုပ်တင်သွင်းမှုကျဆင်းနိုင်တယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနက ခန့်မှန်း

Sun, 01/02/2011 - 08:11 -- Anonymous (not verified)

တရုတ်နိုင်ငံရဲ့ ဇန်နဝါရီ ပဲပုပ်တင်သွင်းမှုကျဆင်းနိုင်တယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနက ခန့်မှန်း                  ဇန်နဝါရီလမှာ တရုတ် နိုင်ငံရဲ့ ပဲပုပ်တင်သွင်းမှုဟာ ယခုလ တင်သွင်းတန်ချိန် ၅ ဒသမ ၄ သန်း ထက်လျော့ပြီးက တန်ချိန် ၃ ဒသမ ၄ သန်းကို ကျဆင်းနိုင်တယ်လို့ စီးပွား ကူးသန်းဝန်ကြီးဌာနက တင်သွင်းမှု အစီရင်ခံစာများ အပေါ်အခြေခံပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ခန့်မှန်း ဖော်ပြထားပါတယ်။ ပဲပုပ်ဆီတင်သွင်း မှုဟာ ဒီဇင်ဘာနဲ့ ဇန်နဝါရီလမှာ စုစုပေါင်း တန်ချိန် ၁၄၆၃ဝဝ နဲ့ ၁၆၈ဝဝဝ ထိ ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။ အစောပိုင်းက ဒီဇင်ဘာလ အတွက် ပဲပုပ်ဆီတင်သွင်းမှုကို တန်ချိန် ၁၉၅ဝဝဝ ရှိမယ်လို့ခန့်မှန်းထားပါတယ်။ ဒီဇင်ဘာလအတွင်း စားအုန်းဆီ တင်သွင်းမှု တန်ချိန် ၄၁၂၉ဝဝ ရှိပြီး ဇန်နဝါ ရီလမှာ တန်ချိန် ၁၄၁၄ဝဝ ရှိနိုင်တယ် လို့လည်း ဝန်ကြီးဌာနက ခန့်မှန်း ထားပါတယ်။ ယမင်းခင်၊ Source: Bloonberg. com