Main menu

Background

ပြည်ဈေးကွက်ကို ပဲပုပ်အသစ်များ ဝင်လာသော်လည်း အရောင်းအဝယ်အေး

Sun, 01/02/2011 - 08:15 -- Anonymous (not verified)

ပြည်ဈေးကွက်ကို ပဲပုပ်အသစ်များ ဝင်လာသော်လည်း အရောင်းအဝယ်အေး                  ပြည်ဈေးကွက်ကို ပဲပုပ် အသစ်များ ဝင်လာခြင်းကြောင့် အသစ်ဈေး၊ အဟောင်းဈေး နှစ်မျိုးဖြင့် အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ပဲပုပ်အသစ်မှာ ပိဿာ ၂ဝ တစ်တင်းကို ၁၅ဝဝဝ ကျပ်၊ အဟောင်း မှာ ၁၆၅ဝဝ ကျပ်ဈေးရှိကြောင်း သိရပါတယ်။ ယခင်တစ်ပတ်က လက်လီ ဝယ်ယူသူများဖြင့် အရောင်းအဝယ် ဖြစ်ခဲ့သော်လည်း ယခုတစ်ပတ်မှာ အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်ကို ပေါက်ခေါင်း၊ ကံမမြို့နယ်များမှ ပဲပုပ် အသစ်များ အနည်းငယ်အဝင်ရှိလာတယ်လို့သိရပါတယ်။ဆုမွန်ဆွေ