Main menu

Background

ဘုရင့်နောင်မှာ မတ်ပဲ (RC) ဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ်

Sun, 01/02/2011 - 08:19 -- Anonymous (not verified)

ဘုရင့်နောင်ကုန်စည်ဒိုင်စဉ် အမျိုးအမည်             ရေတွက်ပုံ            (ပြည်ပရောင်း)            (ပြည်တွင်းရောင်း)             ပြောင်းလဲမှု                                                                ယခင်     ယခု                  ယခင်           ယခု ၁ မတ်ပဲ(RC)                     ၁ တန်              ၆၁၈ဝဝဝ-၆၃၄ဝဝဝ                        -၂ မတ်ပဲ(SQRC)                 ၁ တန်              ၇၇ဝဝဝဝ-၇၈၅ဝဝဝ                       -၃ မတ်ပဲ(ကုန်ကြမ်း)            ၁ ပိဿာ                       -                           ၁ဝ၆ဝ-၁ဝ၇ဝ၄ ကုလားပဲဖြူလုံးကြီး          ၁ပိဿာ                        -                            ၁၁၅ဝ-၁၁ဝဝ၅ ပဲစင်းငုံနီ(သစ်)(RC)        ၁တန်                             -                       ၄၇ဝဝဝဝ-၅၃ဝဝဝဝဘုရင့်နောင်မှာ မတ်ပဲ (RC) ဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ်                   ဒီတစ်ပတ်ဘုရင့်နောင်ဈေးကွက်တွင် မတ်ပဲ(RC) နဲ့ ပဲစင်းငုံနီ(RC) (သစ်)တို့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မတ်ပဲ(RC) ကို ပြည်ပတင်ပို့ရန် ဝယ်ယူနေတဲ့ကုန်သည်များက အစောပိုင်းမှာ ဈေးပေးအဝယ်ရှိလို့ ၂၇-၁၂-၁ဝ နေ့မှာတစ်တန်ကို ၆၆၅ဝဝဝ ကျပ် ရှိရာက နောက်ပိုင်းမှာအိန္ဒိယမွန်ဘိုင်းဈေးကွက်တွင် ဒေသထွက်မတ်ပဲ (သစ်)များ ဈေးကွက်သို့ဝင်ရောက်နေမှုအပေါ် ဝယ်လက်ကုန်သည် ကြီးများက မြန်မာ့မတ်ပဲကိုတွက်ချက်ဝယ်ယူမှုတွေရှိတာကြောင့် ၂၈- ၁၂-၁ဝ နေ့မှာတစ်တန်ကို ၆၄၂ဝဝဝ ကျပ်သို့ဈေးဆင်းခဲ့ပြီး ၂၉- ၁၂-၁ဝ နေ့မှာ တစ်တန်ကို ၆၂ဝဝဝဝ ကျပ်အထိ ထပ်မံဈေးကျခဲ့ကာ ၃ဝ-၁၂-၁ဝ နေ့မှာတော့ တစ်တန်ကို ၆၃၄ဝဝဝ ကျပ်သို့ ဈေးပြန်မြင့် လာတယ်လို့ သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုပမာဏကတော့ တစ်ပတ်အတွင်း တန် ၂၈၅၁ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆို ပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီ၊ (RC) (သစ်) ကိုလည်း ပြည်ပတင်ပို့ ရန်ဝယ်ယူနေတဲ့ကုန်သည်များက ဈေးပေးအဝယ်ရှိသလို ဝယ်အားပါ များလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်တန် ကို ၅၃ဝဝဝဝ ကျပ်နဲ့ ၁၆၁ တန်ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်  လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။