Main menu

Background

်ပဲတီစိမ်းဈေး တည်ငြိမ်ရာမှ အနည်းငယ်လျော့

Sun, 01/02/2011 - 08:43 -- Anonymous (not verified)

ပဲတီစိမ်းဈေး တည်ငြိမ်ရာမှ အနည်းငယ်လျော့            အိန္ဒိယ ပြည်တွင်းဈေးကွက်တွေမှာ ယခုသီတင်းပတ်အစပိုင်းက ဈေးတည်ငြိမ်ရာမှ သီတင်းပတ်နောက်ပိုင်းမှာ အရောင်းအဝယ်ထိုင်းပြီး ဈေးကျလာပါတယ်။ မြန်မာနိုင်ငံမှာ စိုက်ပျိုးထားတဲ့ ပဲပင်များ အခြေ အနေကောင်းမွန်ခြင်းက ကာလတိုအတွင်း နိုင်ငံတကာဈေးကွက်မှာ ပဲ အလွယ်တကူ ရရှိလာနေမှာဖြစ်ပါတယ်။ ရာဂျက်စသန်မှာ မိုးရွာသွန်းနေ ခြင်းက ရောင်းချမှု အဟန့်အတားဖြစ်နေပေမဲ့ ဝယ်လိုအားနည်းနေတာ ကြောင့် ဈေးနှုန်းမြင့်တက်မှုကို ကန့်သတ်စေနိုင်မယ်လို့ ခန့်မှန်းကြပါ တယ်။ ၂ဝ၁ဝဒီဇင်ဘာ ၂၄ ရက်နေ့အထိ ဆောင်းပဲတီစိမ်းစိုက် ဧရိယာ ဟက်တာ ၃ ဒသမ ၇၆ သိန်းရှိလို့ ယခင်နှစ်ကာလတူ စိုက်ဟက်တာ ၃ ဒသမ ၅၁ သိန်းထက်ပိုမိုနေပါတယ်။ နိုင်ငံတကာဈေးကွက်မှာ ဝယ်လို အားကောင်းနေတာကြောင့် ကာလတိုအတွင်း လက်ရှိဈေးဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီး မှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြ လိုက်ပါတယ်ဇယား-၃                                                                                                              ဒေါ်လာ/တန်  ဈေးကွက်                     ၃ဝ .၁၂ .၁ဝ                 ၂၉ .၁၂ .၁ဝ                ၂၈ .၁၂ .၁ဝ                ၂၇ .၁၂ .၁ဝမွန်ဘိုင်း(ပဲတီရွှေဝါ)             ၁၄၄၈                         ၁၄၄၁                         -                              -ချန်နိုင်း(ပဲတီရွှေဝါ)          ၁ဝ၂၄-၁ဝ၃၆                 ၁ဝ၆၄-၁ဝ၈၆                  ၁ဝ၈၅                         ၁ဝ၈၅ဒေလီ                         ၁ဝဝ၂-၁ဝ၃၆                    ၁ဝ၆၄                       ၁ဝ၆၃                          ၁ဝ၆၃