Main menu

Background

သီရိလင်္ကာရော်ဘာဈေးမှတ်တမ်းတင်

Sun, 01/02/2011 - 09:09 -- Anonymous (not verified)

သီရိလင်္ကာရော်ဘာဈေးမှတ်တမ်းတင်                သီရိလင်္ကာရော်ဘာအသင်းဖွံ့ဖြိုးရေးအသင်းရဲ့ အစီရင်ခံစာမှာရော်ဘာပြားဈေးနှုန်းတွေ မှတ်တမ်းတင်လောက် အောင်တက်သွားကြောင်း ဖော်ပြထားပါတယ်။ ပထမတန်းစားရော်ဘာပြားတစ်ကီလိုကို ရူပီး ၅၂၁၊ (၁၁ ဒသမ ၅ ဒေါ်လာ) နဲ့လေလံဈေး ရရှိနေကြောင်းရော်ဘာအသင်းရဲ့ ညွှန်ခုျပ်ကပြောကြားခဲ့ပါတယ်။ ၂ဝ၁ဝ နှစ်ဦးပိုင်းမှာ ပထမတန်းစား ရော်ဘာတစ်ကီလိုဂရမ်ကို ရူပီး ၂၃ဝ ( ၅ ဒသမ ၁၁ ဒေါ်လာ ) သာရှိခဲ့ကြောင်းသိရပါ တယ်။ အခြားအဆင့်နိမ့် ရော်ဘာ တွေကိုလည်း အမြင့်ဈေးနဲ့အပြိုင်အဆိုင်ရောင်းချနေကြောင်း ညွှန်ခုျပ်ကဆက် လက်ပြောကြားခဲ့ပါတယ်။ ရော်ဘာ အပိုင်းအစ တွေရဲ့ ဈေးကပင် တစ်ကီလိုဂရမ်ကို ၅၉၈ ရူပီးရရှိကြောင်း သိရပါတယ်။ ယခုလက်ရှိကာလမှာ သီရိလင်္ကာက သဘာဝ ရော်ဘာဝယ်လိုအားတွေ လက်ခံရရှိနေကြောင်း သိရပါတယ်။ ဒီလိုဝယ်လိုအားတွေ ရရှိနေတာယာ အဓိက ရော်ဘာတင်ပို့တဲ့ နိုင်ငံများမှာ အထွက်နှုန်း ကျဆင်းတာကြောင့် ဖြစ်တယ်လို့ရော်ဘာအသင်းရဲ့ ညွှန်ချုပ်က ပြောကြားခဲ့ပါတယ်။                                                                                   Source: Colambo .com,KZW