Main menu

Background

ရော်ဘာဈေးနှုန်း လက်ရှိပေါက်ဈေးထက် တက်ရန်အလားအလာရှိ

Sun, 01/02/2011 - 09:20 -- Anonymous (not verified)

ရော်ဘာဈေးနှုန်း လက်ရှိပေါက်ဈေးထက် တက်ရန်အလားအလာရှိ                 ရော်ဘာဈေးကွက်အတွင်းဖြစ်ပေါ်နေသော လက်ရှိပေါက်ဈေးများထက် တက်ရန်အလားအလာရှိနေကြောင်း ရော်ဘာ လုပ်ငန်းရှင်များထံမှ သိရသည်။                ''လက်ရှိရော်ဘာ ၁ တစ်ပေါင် ပေါက်ဈေးက (RSS-5) ၁၅ဝဝ ကျပ်၊ (RSS-3) ၁၅၅ဝ ကျပ်၊ (RSS-1) ၁၆ဝဝ ကျပ်အထိရှိနေပါတယ်။ ပြည်တွင်းဈေးကွက်မှာ မရဘူးတဲ့ဈေးတွေ ဖြစ်ပြီး စံချိန်ချိုးဖြစ်ပေါ်တာပါ။ ပြည်ပ ကမ္ဘာ့ရော်ဘာ ဈေးကွက်မှာလည်း မဖြစ်ပေါ်ဖူးတဲ့ဈေးကွက်တွေဖြစ်ပေါ်နေ တာဖြစ်ပါတယ်။ ရော်ဘာဈေးနှုန်းတွေက ဒီထက်တက်ဖို့ရှိပါတယ်။ အဓိက ကမ္ဘာ့ရော်ဘာလိုအပ်ချက်မြင့်တက်လာတယ်။ ဒီနှစ်မှာ ရာသီဥတုဖောက်ပြန်တဲ့ အတွက် ရော်ဘာအဓိကစိုက်ပျိုးတဲ့ နိုင်ငံတွေမှာ မိုးကရွာသင့်တဲ့အချိန်ထက် တစ်လလောက်ပိုရွာတဲ့အတွက် အစေး ထုတ်ရက် တစ်လလောက်နောက်ကျ သွားတယ်။ အဲဒီအတွက် ရော်ဘောစေးမထုတ်လိုက်ရတဲ့အတွက်အထွက်နည်းတယ်။ ဒါကြောင့် ဈေးတွေ ထပ်မြင့်ဖို့ရှိ တယ်''ဟု ရော်ဘာအသင်းမှ အတွင်းရေးမှူးက ပြောပြသည်။ မြန်မာနိုင်ငံတွင် ရော်ဘာပင်များကို တနင်္သာရီ၊ မွန်၊ ကရင်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် စိုက်ပျိုးပြီး အများဆုံးစိုက်ပိုျးသည့်ဒေသမှာ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ဖြစ်သည်။ ခင်မျိုးသွယ်