Main menu

Background

ပြောင်းအလားအလာ ဈေးနှုန်းကျဖွယ်ရှိ

Sun, 01/02/2011 - 09:29 -- Anonymous (not verified)

ပြောင်းအလားအလာ ဈေးနှုန်းကျဖွယ်ရှိ               ပြောင်းဈေးနှုန်းတွေဟာ ၂၈ လမြင့်တက်ခဲ့ပြီးနောက် ရှေ့အလားအလာ အတွက်ကတော့ ဈေးကျဖွယ်ရှိ ကြောင်းမှန်းဆနေကြပါတယ်။ဂံျုနဲ့ပဲပုပ်လည်း အလားတူစွာ ဈေးကျဖွယ်ရှိကြောင်းသိရပါတယ်။ ချီကာဂို ကုန်သွယ်ရေးအသင်းမှာ မတ်လအတွက် ပြောင်းဈေးနှုန်းက ဝ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းပြီး တစ်ဘူရှယ် ကို ၆ ဒသမ ၁၉ ဒေါ်လာဖြစ်ခဲ့ပါတယ်။ ၂ဝဝ၈ ကတည်းက အာဂျင်တီးနားနဲ့ ဘရာဇီးမှာ ခြောက်သွေ့တဲ့ ရာသီဥတုကြောင့်စိုးရိမ်ဖွယ်ရာအခြေအနေများရှိခဲ့ပြီး အကြီးဆုံး သီးနံှတင်ပို့သူဖြစ်တဲ့ အမေရိကန်ရဲ့ သီးနံှအထွက် လည်းကျနိုင်ခဲ့တာ ကြောင့် အစောပိုင်းက ပြောင်းဈေးနှုန်း တစ်ဘူရှယ်ကို ၆ ဒသမ ၂၄ ဒေါ်လာရှိခဲ့ ကြောင်း သိရပါတယ်။ နှစ်သစ်ကူးပိတ်ရက်တွေမှာ ချီကာဂိုကုန်သွယ်ရေးအသင်းရဲ့ ပြောင်းဈေးနှုန်းတွေကျဖွယ်ရှိပြီး လာမည့် နှစ်သစ်မှာတော့ လုပ်ငန်းရှင်တွေက ကျဈေးနဲ့ဈေးကွက်ကို ဖွင့်နိုင်ဖွယ်ရှိကြောင်း ဖိလစ်ဖျူးချား ကုမ္ပဏီရဲ့သုတေသီက ပြောကြားခဲ့ပါတယ်။                    အာဂျင်တီးနားက ပြောင်းနဲ့ပဲပုပ်စိုက်ပျိုးတဲ့ ဒေသတွေမှာ ပူပြင်း ခြောက်သွေ့ဆဲဖြစ်ပြီး သီးနံှအထွက်နှုန်းကို ဖိအားဖြစ်စေကာ ဘရာဇီးနိုင်ငံ တောင်ပိုင်းရဲ့ စိုက်ပျိုးရေးဧရိယာတွေမှာ လာမည့်ရက်သတ္တပတ်မှာပိုပြီး ခြောက် သွေ့ဖွယ် ရှိပြီး မြေဆီလွှာစိုထိုင်းမှုကို ထိခိုက်နိုင်ကြောင်း သုတေသီများက ခန့်မှန်းခဲ့ကြပါတယ်။ ဒီလိုဆိုးရွားတဲ့အခြေအနေကြောင့် ပြောင်းသီးနံှတွေပျက်စီးမှာတော့ သံသယ ဖြစ်စရာ မလိုကြောင်းနဲ့ အာဂျင်တီးနားမှာ ပြင်းထန်တဲ့ရာသီဥတု အခြေအနေရှိနေပေမဲ့လည်း မိုးရွာမဲ့ အရိပ်လက္ခဏာကို မကြာမီ အချိန်အတွင်းမှာ မြင်တွေ့ရမယ်လို့ ယုံကြည်မျှော်လင့်ကြောင်း သုတေသီများက ပြောကြားခဲ့တယ်လို့ သတင်းရရှိပါ တယ်။ Source: Bloomberg .com,KZW