Main menu

Background

ကဏန်းတန်ချိန် ၁၁၇ဝဝ ကျော်တင်ပို့မှုက ဒေါ်လာ ၂၁ သန်းခန့် ရရှိခဲ့

Sun, 01/02/2011 - 09:42 -- Anonymous (not verified)

ကဏန်းတန်ချိန် ၁၁၇ဝဝ ကျော်တင်ပို့မှုက ဒေါ်လာ ၂၁ သန်းခန့် ရရှိခဲ့                 ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံက ဖမ်းဆီးရမိသည့် ကဏန်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချခဲ့ရာတွင်တန်ချိန် ၁၁၇ဝဝ ကျော်တင်ပို့မှုက ဒေါ်လာ ၂၁ သန်းခန့် ရရှိခဲ့ကြောင်းကဏန်းလုပ်ငန်း ရှင်များ အသင်းက သိရသည်။                   '' မနှစ်က ကဏန်းတင်ပို့တဲ့တန်ချိန်က ၁၁၇၃၁ ဖြစ်ပြီး ဒေါ်လာအားဖြင့် ၂ဝ ဒသမ ၈၅ သန်းရရှိခဲ့ပါ တယ်။ ကဏန်းပျော့ ထုတ်လုပ်မှုအနေနဲ့တစ်နှစ်လုံး ထုတ်လုပ် တင်ပို့မှုက ၁၆၂၈ ဒသမ ၆၇ တန် ရှိခဲ့ပြီး ငွေရရှိမှု က ဒေါ်လာ ၈ ဒသမ ၂၃ သန်းဖြစ်ပါတယ်။ ကဏန်းပျော့ဟာ ရေထွက်ပစ္စည်း ပို့ကုန်တွေထဲမှာ ဝယ်လိုအား ကောင်းတဲ့ ပစ္စည်းအနေနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။ အခုဆိုရင် ဗီယက်နမ် ကပါ ကဏန်းပျော့မွေးမြူထုတ်လုပ်လာ တဲ့အတွက် ဈေးကွက်ထဲမှာ ယှဉ်ပြိုင်ရမဲ့ နိုင်ငံတစ်နိုင်ငံတိုးလာပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကဏန်းပျော့ ထုတ်လုပ်သူတွေအနေနဲ့ အရည်အသွေး ကောင်းကောင်းနဲ့ဈေးကွက်ကို ထိုးဖောက် ရပ်တည် နိုင်ဖို့လိုပါတယ်'' ဟု ယင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။                   မြန်မာနိုင်ငံက ကဏန်းများကို တင်ပို့ရာတွင် မူဆယ်၊ မြဝတီ၊ မြိတ်၊ ကော့သောင်းနယ်စပ်ကုန်သွယ်ရေး စခန်းများနှင့် လေကြောင်းလိုင်းတို့က တင်ပို့ရောင်းချလျက် ရှိသည်။                                                              ခင်မျိုးသွယ်