Main menu

Background

ငါးသေးအချို့နှင့် ငါးမျိုးစိတ်များပျောက်ကုန်သည့်အတွက် သယံဇာတ ထိန်းသိမ်းရေးအဖွဲ့ ဖွဲ့ရန် ပြောကြား

Sun, 01/02/2011 - 09:45 -- Anonymous (not verified)

 ငါးသေးအချို့နှင့် ငါးမျိုးစိတ်များပျောက်ကုန်သည့်အတွက် သယံဇာတ ထိန်းသိမ်းရေးအဖွဲ့ ဖွဲ့ရန် ပြောကြား             သဘာဝရေပြင်ရှိ ငါးသေးအချို့နှင့်ငါးမျိုးစိတ်များပျောက်ကုန်သည့်အတွက် သယံဇာတထိန်းသိမ်းရေး ကော်မတီတစ်ရပ် ဖွဲ့စည်း ထိန်းသိမ်းဖို့လိုအပ်ကြောင်း မြိတ်ကျွန်းစု ထိန်းသိမ်းရေးကော်မတီအဖွဲ့က သိရသည်။ '' အရင်တုန်းက သုတေသနပြု လေ့လာချက်တွေအရ သဘာဝရေပြင်မှာ ငါးပုစွန် အထိ အမိက တစ်နာရီ ကို ၂၈၈ ကီလိုရှိခဲ့ပြီး အခုနောက်ပိုင်း ၂ဝဝ၆ ခုနှစ်မှာ SEAFDEC  ရဲ့ စစ်တမ်းတွေအရ ငါးပုစွန်အထိအမိမှာ တစ်နာရီကို ၈၆ ကီလိုသာ ရှိလာပါတယ်။ ငါးအထိအမိက ၃ဝ ရာခိုင်နှုန်းအထိကျဆင်းသွားတာပါ။ ဒါ့အပြင် ငါးသေးအချို့နှင့် ငါးမျိုးစိတ် တွေ ပျောက်ကုန်တဲ့အတွက် သယံဇာတ ထိန်းသိမ်းရေးကော်မတီတစ်ရပ်ဖွဲ့ဖို့လိုပါတယ်။ ဒီလိုပဲတစ်ကမ္ဘာလုံးမှာလည်း ငါးသယံဇာတတွေကို အလွန်အကံျွဖမ်းဆီးကြတာကြောင့် သယံဇာတတွေ တဖြည်းဖြည်း လျော့ကျနေပါပြီ၊ ဒါ့ကြောင့်လည်း သဘာဝမှာ ငါးသယံဇာတတွေ လျော့ပါးလာတဲ့အတွက် မွေးမြူရေးက အစားထိုးထုတ်လုပ်ကြရတာဖြစ်ပါတယ်'' ဟု မြိတ် ကျွန်းစု ထိန်းသိမ်းရေး ကော်မတီဥက္ကဌက ပြောကြားသည်။              အဆိုပါအသင်းအနေဖြင့် မြိတ်ကျွန်းစု ဒေသထိန်းသိမ်းရေးအတွက် ကကတစ် မွေးမြူရေးနှင့် ရေမှော် စိုက်ပျိုးမွေးမြူရေး၊ ပင်လယ်မျှော့၊ ခရုနှင့်အခြားရေသတ္တဝါများ မွေးမြူနိုင်ရေးအတွက်နည်းပညာများ ဖြန့်ဝေပေးနိုင်ရန် စီစဉ်ဆောင် ရွက်နေ သည်ဟု ဆိုသည်။                                                                                        ခင်မျိုးသွယ်