Main menu

Background

ကျပ်သိန်း ၅ဝဝဝ အောက် မြေကွက်များ ဈေးကွက်လှုပ်ခတ်မှုများ ရှိလာ

Wed, 01/05/2011 - 04:12 -- Anonymous (not verified)

 ကျပ်သိန်း ၅ဝဝဝ အောက် မြေကွက်များ ဈေးကွက်လှုပ်ခတ်မှုများ ရှိလာ                   ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း ဒီဇင်ဘာလဆန်းကျော်ကျော်မှစ၍ ကျပ်သိန်း ၅ဝဝဝ အောက်မြေကွက်များ လှုပ်ခတ်မှုရှိလာကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံက သိရသည်။                  ''ဒီဇင်ဘာလဆန်းကျော်ကတည်းက ဒီနေ့အထိ ကျပ်သိန်း ၅ဝဝဝ အောက် မြေကွက်တွေ မေးမြန်းစုံစမ်းမှု ရှိလာတယ်။ ကျပ်သိန်း ၅ဝဝဝ အောက်မြေကွက် တွေမှာ မြေကွက်ချည်းသက်သက်ရှိသလို၊ အိမ်ပါတဲ့မြေကွက်လဲပါတယ်။ ကျွန်တော့် ကုမ္ပဏီမှာ မေးမြန်းသူတွေရှိလို့ အဲဒီလိုမြေကွက်တွေရှိတဲ့မရမ်းကုန်း၊သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ လှိုင်၊ သာကေတမြို့နယ်တွေကို လိုက်ပြခဲ့ရတယ်။ ကျပ်သိန်း ၁ဝဝဝ ဝန်းကျင် မြေကွက်တွေအတွက် တောင်ဥက္ကလာပနဲ့ မြောက်ဥက္ကလာပ ရပ်ကွက်တွေထဲက မြေကွက်တွေ ကျပ်သိန်း ၂ဝဝဝ နဲ့ ၃ဝဝဝ ကြား အတွက် မေခအိမ်ရာ၊ မလိခအိမ်ရာက မြေကွက်တွေ၊ သာကေတမြို့နယ်ထဲက မြခွာညို အိမ်ရာ၊ တောင်ဥက္ကလာပထဲက မြသီတာအိမ်ရာ၊ ငွေကြာယံ ပါရမီရိပ်သာ၊ သီရိ ဂုဏ်၊ ကျပ်သိန်း ၃ဝဝဝ နဲ့ ၅ဝဝဝ ကြားအတွက် လှိုင်မြို့နယ်ထဲက အေးရိပ်မွန်၊ မြကန်သာ၊ သီရိမွန်အိမ်ရာ၊ လှိုင်ရတနာ၊ လှိုင်မြင့်မိုရ်အိမ်ရာတွေကို လိုက်ပြပေး ခဲ့ရပါတယ်''ဟုမဏ္ဍိုင် အိမ်ခြံမြေကုမ္ပဏီမှ ဦးသန်းဦးက ပြောကြားသည်။                                   ခင်မျိုးသွယ်