Main menu

Background

ဆင်ခြေဖုံး မြောက်ဒဂုံ မြေကွက်များ အဝယ်သွက်

Wed, 01/05/2011 - 04:16 -- Anonymous (not verified)

 ဆင်ခြေဖုံး မြောက်ဒဂုံ မြေကွက်များ အဝယ်သွက်                   ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း ဆင်ခြေဖုံး မြောက်ဒဂုံမြေကွက်များ အရောင်းအဝယ်သွက်လာ ကြောင်း မြောက်ဒဂုံအခြေစိုက် အိမ်ခြံမြေကုမ္ပဏီတစ်ခုက သိရသည်။                  ''အင်းစိန်၊မင်္ဂလာဒုံ၊တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ရွှေပြည်သာစတဲ့ ဆင်ခြေဖုံးမြို့နယ်တွေထဲမှာ မြောက်ဒဂုံ မြေကွက်တွေ အဝယ်လိုက်လာ တယ်။ မြောက်ဒဂုံက ပေ ၄ဝ ထပေ ၆ဝ အကွက်တွေကို ကျပ်သိန်း ၄ဝ၊ ၅ဝ၊ ၆ဝ ကနေ ၁ဝဝ ဝန်းကျင်အထိ ပေါက်ဈေးရှိလာတယ်။ အထူးသဖြင့် ကျပ်သိန်း ၇ဝကနေ ၁ဝဝ ဝန်းကျင် မြေကွက်တွေ အများဆုံးရောင်းကြရ တယ်။ မြောက်ဒဂုံ ၃၄ ရပ်ကွက်ထဲ က တချို့မြေကွက်တွေဆိုရင် ကျပ်သိန်း ၈ဝဝ ကနေ သိန်း ၁ဝဝဝ အထက် အရောင်းအဝယ်ရှိတယ်။ အဲဒီနေရာက တောင်ဥက္ကလာနဲ့ နီး တယ်။မြောက်ဒဂုံကို ဝင်တာနဲ့ပထမဆုံးတွေ့ရတဲ့နေရာဖြစ်တယ်။မြို့ထဲနဲ့ အနီးဆုံးနေရာလဲဖြစ်တယ်။ ဘေလီ တံတားကဆင်းဆင်းချင်း ရောက်နိုင်တဲ့နေရာဖြစ်သလိုနိုင်လွန်ကတ္တရာ ခင်းလမ်းတွေရှိပြီး ဆောက်ထားတဲ့ အိမ်တန်ဖိုးတွေက ကြီးကြီးတွေလဲ ရှိနေတာကြောင့်ဖြစ်တယ်' ဟု ယင်း ကုမ္ပဏီကလုပ်ငန်းရှင်တစ်ဦးက ပြော ကြားသည်။ ခင်မျိုးသွယ်