Main menu

Background

၂ဝ၁ဝ အတွင်း ဒဂုံကွန်ဒိုများ ရောင်းအကောင်းဆုံး ဖြစ်ခ့ ဲ

Wed, 01/05/2011 - 04:24 -- Anonymous (not verified)

 ၂ဝ၁ဝ အတွင်း ဒဂုံကွန်ဒိုများ ရောင်းအကောင်းဆုံး ဖြစ်ခ့ ဲ                         ၂ဝ၁ဝ ခုနှစ် ရန်ကုန်အိမ်ခြံမြေ ဈေးကွက်အတွင်းဒဂုံမြို့နယ်ရှိ ကွန်ဒို တိုက်ခန်းများရောင်းအကောင်းဆုံးနှင့် ဝယ်ယူသူများက ရွေးချယ်ဝယ်ယူ မှုအများဆုံးရှိခဲ့ကြောင်း အိမ်ခြံမြေ ဈေးကွက်က သိရသည်။                          ''၂ဝ၁ဝ ခုနှစ်ထဲမှာ ဆောက်လုပ်ရေးကုမ္ပဏီတွေက ကွန်ဒိုတိုက် ခန်းတွေကို အရောင်းစွံအောင် ပုံစံ မျိုးစုံနဲ့ ရောင်းချခဲ့ရာမှာ ဒဂုံမြို့နယ် တွေထဲက ကွန်ဒို တိုက်ခန်းတွေကို ဝယ်ယူသူတွေက အများဆုံးရွေးချယ် ဝယ်ယူတာ တွေ့ရပါတယ်။ ဈေးနှုန်း တွေအနေနဲ့ ကွန်ဒိုတိုက်ခန်း ၁ ပေ ပတ်လည်ကို ကျပ် ၈ဝဝဝဝနဲ့ ကျပ် ၁ဝဝဝဝဝမှာရှိခဲ့ပါတယ်'ဟု ကျောက် တံတားမြို့နယ်အခြေစိုက် အိမ်ခြံမြေ ကုမ္ပဏီတစ်ခုက သိရသည်။ ၂ဝ၁ဝခုနှစ်အတွင်းကွန်ဒိုတိုက် ခန်းများ အဝယ်အများဆုံးမြို့နယ် များမှာ ဒဂုံမြို့နယ်ပြီးလျှင် ဗဟန်း မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ ကျောက် တံတားမြို့နယ် ဗိုလ်တထောင်မြို့ နယ်နှင့် ကမာရွတ်မြို့နယ်များက ကွန်ဒိုတိုက်ခန်းများ ဖြစ်သည်ဟု ဆိုသည်။ ခင်မျိုးသွယ်