Main menu

Background

အလားအလာကောင်းတဲ့ နနွင်းတက်

Wed, 01/05/2011 - 04:50 -- Anonymous (not verified)

အလားအလာကောင်းတဲ့ နနွင်းတက်                      မြစ်သားမြို့နယ်မှာ နနွင်းတက်စိုက်တဲ့တောင်သူတွေ ဒီနှစ်မှာ နနွင်းတက် ဈေးကြောင့် တွက်ချေကိုက်ကြလိမ့်မယ်လို့ တောင်သူတွေပြောနေကြပါတယ်။ ယခု လက်ရှိဈေးက နနွင်းအဟောင်းတစ်ပိဿာ ၄ဝဝဝ ကျပ်ဝန်းကျင် ဖြစ်နေပါတယ်။                         ဇန်နဝါရီလဆိုရင် နနွင်းသစ်က ထွက်ပေါ်တော့မှာဖြစ်ပါတယ်။ ''မနှစ်က တစ်ဧကစိုက်ရာမှာ လှည်း ၁၆ စီးတိုက် ပိဿာ ၁၂ဝဝ ထွက်ခဲ့ပါတယ်။ ဒီနှစ်အခြေအနေက မိုးနှောင်းကောင်းခဲ့တော့ လှည်းစီးရေ ၂ဝ ဝန်းကျင် ထွက်မယ်လို့ခန့်မှန်းလို့ရပါတယ်။ ဒီနေ့နနွင်းတက် ပွဲစားတွေက နနွင်းတက်အသစ်ကို တစ်ပိဿာ ၂ဝဝဝ ကျပ်နဲ့ ဈေးဖွင့်မယ်လို့ ပြောသံကြားပါတယ်။ ကျောက်ဆည်ခရိုင်မှာ နနွင်းတက်စိုက် တောင်သူတိုင်း အောင်မြင် ကြမှာပါ။ ပွဲရုံတွေမှာ နနွင်းတက်လက်ကျန်နည်းသွားတော့ အရောင်း အဝယ် ဖြစ်မယ်'' လို့ အထွက်နှုန်းကောင်းခဲ့တဲ့ စပယ်တောကျေးရွာမှ တောင်သူ ဦးစိန်အောင်မင်းက ပြောပါတယ်။                                                                ကျော်မြင့်