Main menu

Background

မန္တလေးမှာ ပဲတီစိမ်းဈေးကျပြီး ပဲစင်းငုံနီဈေးစွာလာ

Wed, 01/05/2011 - 05:29 -- Anonymous (not verified)

မန္တလေးကုန်စည်ဒိုင်စဉ် အမျိုးအမည်    ရေတွက်ပုံ          (ပြည်ပရောင်း)          (ပြည်တွင်းရောင်း)                   ပြောင်းလဲမှု                                               ယခင်        ယခု        ယခင်          ယခု ၁ ပဲတီစိမ်းကြီး             ၁ တန်      ၉ဝ၃၈၈၇- ၈၂၆၇၂၆        -                -၂ မတ်ပဲ                    ၁ ပိဿာ        -                          ၁ဝဝဝ     -   ၉၁ဝ၃ ကုလားပဲဖြူလုံးကြီး    ၁ ပိဿာ        -                          ၁၂၄၉     -   ၁၁၈ဝ၄ ပဲစင်းငုံနီ                 ၁ ပိဿာ        -                             ၆၅ဝ    -      ၇၃ဝဆက်သွယ်ရန် ဖုန်း-ဝ၂-၃၄၂၇၃မန္တလေးမှာ ပဲတီစိမ်းဈေးကျပြီး ပဲစင်းငုံနီဈေးစွာလာ              ပဲတီစိမ်းကြီး ကို တရုတ်ပြည်တင်ပို့ရန် ဝယ်ယူနေတဲ့ ကုန် သည်များနဲ့ ရန်ကုန်ဝယ်လက်က အရည်အသွေးကောင်းရင် ကောင်း သလိုဈေးပေးအဝယ်ရှိပြီး အရည်အသွေးညံ့ရင် ဈေးချအဝယ်ရှိနေ တယ်လို့သိရပါတယ်။ ပဲတီစိမ်း(အဟောင်း)က ရောင်းသူကုန်သည် တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေသလို ပဲတီစိမ်းကြီး(သစ်)တွေ ကလည်း ဈေးကွက်သို့ဝင်ရောက်နေပြီး ဝယ်လက်ကုန်သည်တွေက(အသစ်)ထိပ်စကို တစ်ပိဿာ ၁၃၅ဝ ကျပ်(တစ်တန်ကို ၈၂၆၇၂၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝဝ မှ ၂၅ဝဝ ကြားဝယ်အားပုံမှန်ရှိပေမယ့်  ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်မှာ ရှိနေတယ်လို့ ဆိုပါတယ်။ မန်းဈေးကွက်မှာ ဒီတစ်ပတ်အရောင်းအဝယ်သွက်နေတာက ပဲစင်းငုံနီ ငုံနီဖြစ်ပြီး ပဲစင်းငုံနီ(အဟောင်း)ထက်စာရင် (အသစ်)ကို ရန်ကုန် ဝယ်လက်က အရည်အသွေးကြိုက်နှစ်သက်လို့ ဈေးပေးအဝယ်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့် မြင့်လာပြီး တစ်ပိဿာကို ၇၃ဝ ကျပ် (တစ်တန်ကို ၄၄၇ဝ၄၄ ကျပ်) နဲ့နေ့စဉ်အိတ် ၁ဝဝဝ ခန့်အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်များက ဆိုပါတယ်။ ကုလားပဲ ဖြူလုံးကြီးကတော့ ရန်ကုန်ဝယ်လက် အဝယ်အေးနေပြီး ဒေသတွင်း ပဲခွဲစက်လုပ်ငန်းရှင်များကသာ အဝယ်အထိုက်အလျောက်ရှိခဲ့တယ်လို့ သိရပါတယ်။