Main menu

Background

၂ဝ၁၁ ခုနှစ်အတွက် အင်ဒိုနီးရှားနိုင်ငံ၏ ဆန်ဈေးကွက်အလားအလာ

Sun, 01/09/2011 - 03:37 -- Anonymous (not verified)

 ၂ဝ၁၁ ခုနှစ်အတွက် အင်ဒိုနီးရှားနိုင်ငံ၏ ဆန်ဈေးကွက်အလားအလာ                 ပြီးခဲ့တဲ့ ၂ဝဝ၉ ခုနှစ်တွင် အင်ဒိုနီးရှားမှ ဆန်တန်ချိန် ၃၄ သန်းကို ထုတ်လုပ်နိုင်ခဲ့ပြီး ယခုနှစ်တွင် ဆန် တန်ချိန် ၃၈ သန်းကို တိုးတက်ထုတ်လုပ်နိုင်ကြောင်း ခန့်မှန်းထားပြီး တစ်နိုင်ငံလုံးရဲ့ ဆန်စားသုံးမှုမှာ တန်ချိန် ၃၃ သန်းရှိကြောင်း မျှော်မှန်းထားပါတယ်။ သို့သော်လည်း အင်ဒိုနီးရှားအစိုးရက ဆန်လက်ကျန်အလုံအလောက် ရှိမှုကို အာမခံနိုင်တာကြောင့် ဆန်ကို တင်သွင်းရဦးမှာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။                 ယခုနှစ်တွင် အင်ဒိုနီးရှားမှ ဆန်တန်ချိန် ၁ ဒသမ ဝ၈ သန်းကိုတင်သွင်းခဲ့ပြီး ဗီယက်နမ်မှ တန်ချိန် ၈ဝဝဝဝဝ နဲ့ ထိုင်းမှ တန်ချိန် ၂၈ဝဝဝဝ ဖြစ်ပါတယ်။ တင်သွင်းထားမှု အနက် တန်ချိန် ၅၁၆ဝဝဝ နိုင်ငံတော်ပိုင် ဆန်ရောင်းဝယ်တဲ့ ကြူသါ ကိုဖြန့်ဖြူးပေးပြီးသွားပြီဖြစ်ရာ ကျန်ဆန်ကိုဖြန့်ဖြူး ပေးဖို့ ဆိုင်းငံ့ထားဆဲဖြစ်ပါတယ်။ ဆန်တင်သွင်းဖို့ စာချုပ် ချုပ်ဆိုထားတဲ့ ဆန်များကလာမဲ့နှစ် ဖေဖော်ဝါရီအတွင်း ရောက်ရှိမှာ ဖြစ်ပါတယ်။၏               ဇွန်လတွင် ဆန်နောက်ထပ်တင်သွင်းဖို့ လိုမလို သုံးသပ်သွားမှာဖြစ်ကြောင်း Bulog  မှ ဥက္ကဌ ှSutarto Alimoeso မှပြောကြားလိုက်ပါတယ်။ ၂ဝ၁၁ ခုနှစ်အတွက် ဆန်တင်သွင်းမှုက ပြည်တွင်းထုတ်လုပ်မှုအခြေအနေကို တည်မီနေပြီး ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတွင် ရေလွှမ်းမိုးမှု ကင်းဝေးမှသာ ဆန်ဖူလုံမှုရှိမှာဖြစ်ကြောင်း Sutarto မှဖြည့်စွက် ပြောကြားခဲ့ပါတယ်။                                                                 အေးမွန်မွန်လှိုင်၊Source:thejakartapost.com