Main menu

Background

ပထမအကြိမ် နိုင်ငံတကာဆန်ညီလာခံကို ဒူဘိုင်းက လက်ခံကျင်းပမယ်

Sun, 01/09/2011 - 03:47 -- Anonymous (not verified)

 ပထမအကြိမ် နိုင်ငံတကာဆန်ညီလာခံကို ဒူဘိုင်းက လက်ခံကျင်းပမယ်                ပထမအကြိမ်နိုင်ငံတကာဆန်ညီလာခံနဲ့ ပြပွဲ (RICE )  ၂ဝ၁၁ ကို ယခုနှစ် မေလ ၉ ရက်မှ ၁၁ ရက်နေ့အထိ ဒူဘိုင်းမှာ လက်ခံကျင်းပသွားမယ်လို့ သိရပါတယ်။ ဒီပြပွဲကြီးမှာ ဆန်ကုန်သွယ်မှု အဓိကကဏ္ဍအားလုံးရဲ့ ကိုယ်စားလှယ်များ ဖြစ်တဲ့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဆန်ထုတ်လုပ်သူများ၊ ဖြန့်ဝေသူများနဲ့ ရောင်းချသူများ အနေနဲ့ ဆန်ဈေးကွက်များ ပေါ်ထွက်လာ ရေးနဲ့ ဖောက်သည်နိုင်ငံများ တိုးခဲျ့ရေးအတွက် တက်ရောက်ကြမယ်လို့ သိရပါတယ်။                နိုင်ငံပေါင်း ၃ဝ ကျော်မှ ကုမ္ပဏီပေါင်း ၁၆ဝ ကျော်တို့ကပြခန်း ၁၆ဝမှာ ဆန်များခင်းကျင်ပြသခြင်းဖြင့် အဲဒီပြပွဲ တက်ရောက်လာတဲ့ ကုန်သွယ်ရေးလေ့လာသူ ၁ဝဝဝဝ ကို ဆွဲဆောင်သွားမယ်လို့သိရပါတယ်။ ဒီအခမ်းအနားကို ဒေသတွင်း အခမ်းအနားများ ဦးဆောင်ဆောင်ရွက်နေတဲ့ Ideal Idea Events Management  က စီစဉ်ကျင်းပခြင်းဖြစ်တယ်လို့ ဆိုပါ တယ်။ '' နိုင်ငံတကာ ဆန်ညီလာခံနဲ့ ပြပွဲ (RICE) -ဒူဘိုင်း ၂ဝ၁၁'' ဟာ တစ်မိုးအောက်ထဲမှာ ကမ္ဘာ့ဆန်ဈေးကွက်အတွင်း ပါဝင်သူ အားလုံးစုဆုံကြတဲ့ ပထမအကြိမ် နိုင်ငံတကာအခမ်းအနား ဖြစ်တယ်လို့ ဆိုပါတယ်။ ဆန်လုပ်ငန်းပါဝင်သူအသင်း အမျိုးမျိုးက ၎င်းတို့ရဲ့ စွမ်းဆောင်ရည်၊ ဝန်ဆောင်မှု၊ ထုတ်ကုန်များနဲ့ သိပ္ပံနည်းဆိုင်ရာထုတ်လုပ်မှုတို့ကို ထုတ်ဖော်ပြသနိုင်ပြီး ၎င်းတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေမယ့် ထူးခြားတဲ့ ကမ္ဘာ့အဆင့် အခမ်းအနားကြီးလို့လည်း ဆိုပါတယ်။                 ကောင်းမွန်တဲ့ သင်္ဘောလိုင်းအခြေခံအဆောက်အအုံများ၊ သိုလှောင်ရုံများ ကုန်သွယ်မှု တိုးမြင့်ရေး ဆိုင်ရာများနဲ့ ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့များ ယှဉ်ပြိုင်မှုအကိုျးရလဒ်များ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကဒေသ (AENA) တို့မှာ တိုးခဲျ့ဖို့ ရည်ရွယ်ကျင်းပကြောင်း သိရပါတယ်။ လမင်းး၊ှSource: commodityonline