Main menu

Background

အော်ဂင်းနစ်ဆန် ပိုမိုထုတ်လုပ်ဖို့ ထိုင်းအစိုးရ အလေးထားဆောင်ရွက်

Sun, 01/09/2011 - 03:48 -- Anonymous (not verified)

အော်ဂင်းနစ်ဆန် ပိုမိုထုတ်လုပ်ဖို့ ထိုင်းအစိုးရ အလေးထားဆောင်ရွက်           ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အော်ဂင်းနစ် ဆန် သုံးစွဲမှုမြင့်တက်ခြင်းအပေါ် ထိုင်း အစိုးရအနေနဲ့ အဲဒီဈေးကွက်တွေကို အော်ဂင်းနစ်ဆန်ပိုမို တင်ပို့နိုင်ရေးနဲ့ ဝင်ငွေပိုမိုရရှိရေးအတွက် အလေးထား ဆောင်ရွက်နေတယ်လို့ စီးပွားကူးသန်း ဝန်ကြီး ပြည်ပကုန်သွယ်ရေးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး Pranee Siriphand က ပြောကြားပါတယ်။ ယခင်နှစ်က အော်ဂင်းနစ်ထုတ်ကုန် တွေ ပြည်ပ တင်ပို့ခဲ့ရာ အများစုမှာ ဆန်ဖြစ်ပြီး တန်ဖိုးအားဖြင့် ဘတ် ၁ ဒသမ ၂ ဘီလီယံ (ကန်ဒေါ်လာ သုည ဒသမ ဝ၃၉ ဘီလီယံ) ဖိုး ဝင်ငွေရရှိ တယ်ဆိုပေမဲ့ အော်ဂင်းနစ် ထုတ်ကုန် တင်ပို့မှု တန်ဖိုးဟာ စုစု ပေါင်း ရငွေနဲ့ နှိုင်းယှဉ်ရင် တော်တော် နည်းပါးသေး တယ်လို့ ဆန်ကျွမ်းကျင်သူတွေက ဆိုပါတယ်။              ဒါပေမဲ့ ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံ တကာလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ထုတ်လုပ်မှု မြှင့်တင်နိုင်ဖို့ မြေယာတွေ အများကြီးရှိပါတယ်လို့ ဆိုပါတယ်။ အော်ဂင်းနစ်ဆန်နဲ့ အခြားထုတ်ကုန် တွေ မြှင့်တင်ဖို့အနေနဲ့ ပြည်ပ ကုန် သွယ်ရေးဌာနမှ ထိုင်းအော်ဂင်းနစ် ဆန်များ စားသုံးသူတွေဆီကို တိုက်ရိုက် ရရှိရေး၊ ပြည်ပနိုင်ငံများက စားသောက် ဆိုင်များ၊ စတိုးဆိုင်ကြီးများနဲ့ ချိတ်ဆက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဦးတည်နေတဲ့ ဈေးကွက်များကတော့ အမေရိကန်၊ ဥရောပ၊ ဟောင်ကောင်၊ စင်ကာပူနဲ့ တရုတ်ပြည်မကြီးတို့ ဖြစ် တယ်လို့ ဆိုပါတယ်။                                                 လမင်းး၊ှSource: riceonline