Main menu

Background

ပဲခူးတိုင်းဒေသကြီးအနောက် ပြည်တွင်းစားဆန်ဈေးငြိမ်သက်နေ

Sun, 01/09/2011 - 04:13 -- Anonymous (not verified)

 ပဲခူးတိုင်းဒေသကြီးအနောက် ပြည်တွင်းစားဆန်ဈေးငြိမ်သက်နေ                  ယခုနှစ် မိုးစပါးရာသီချိန်မှာ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းအတွင်း စပါးစိုက်ဧက ၁၂ ဒသမ ၆၆ သိန်းကို အပြည့်အဝစိုက်ပိုျးနိုင်ခဲ့ပြီး၊ ယခုအချိန်တွင် စိုက်ဧကအားလုံး ရိတ်သိမ်းေြွခလှေ့ပြီးဖြစ်ကြောင်းသိရပါတယ်။ ယခုဆန်ဈေး  အဟောင်းမှာ အထက်စ တစ်အိတ်လျှင် ကျပ် ၁၇ဝဝဝ၊ အလတ်စတစ်အိတ်လျှင် ကျပ် ၁၆ဝဝဝ နဲ့ အောက်စတစ်အိတ်လျှင် ကျပ် ၁၄ဝဝဝ ဖြစ်ပြီး၊ ဆန်အသစ်ဈေးမှာ အထက်စတစ်အိတ်ကို ကျပ် ၁၃၅ဝဝ၊ အလတ်စတစ်အိတ် ကျပ် ၁၂၅ဝဝနဲ့ အောက်စတစ်အိတ် ၁၂ဝဝဝ ကျပ်ဈေးရှိပါတယ်။ မိုးစပါးအသစ်တွေ ပေါ်ထွက်နေချိန်မှာ ဆန်ဈေးနှုန်း ငြိမ်သက် နေပါတယ်။ မိုးစပါးအသစ်ဈေးမှာ ပေါင် ၅ဝ တင်း ၁ဝဝ ကို ကျပ် ၃၅ဝဝဝဝ ခန့်ရှိနေပြီး၊ လက်ရှိစပါး ပေါက်ဈေးနဲ့ စပါးကြိတ်ခွဲပြီး ဆန် ရောင်းချသူတွေ တွက်ခြေ မကိုက် ဖြစ်နေကြတယ်လို့သိရပါတယ်။ မိုးစပါးစိုက်ချိန်မှာ မိုးများခဲ့ပြီး၊ ရိတ်ချိန်မှာလည်း မိုးရွာသွန်းမှု ရှိခဲ့လို့ တချို့တောင်သူတွေ အဆင်မပြေဖြစ်ကြပေမဲ့၊ စပါးအထွက်နှုန်းကို မထိခိုက်ပဲ အောင်အောင်မြင်မြင်ထွက်ရှိခဲ့ပါတယ်။                   ဒေသတွင်းမှာ နွေစပါးများကိုလည်း ဆက်လက်စိုက်ပိုျးနေကြပြီး၊ ယခုနှစ်ထွက်စပါးတွေကို တောင်သူလက်ဝယ်မှာ ထားရှိနေ ကြဆဲနဲ့ ဆန်ပြည်ပတင်ပို့တဲ့ကုမ္ပဏီတွေကိုလည်း စနစ်တကျစိစစ် ဆောင်ရွက်နေတာမို့ လာမဲ့ကာလတွေမှာ ပြည်တွင်းစား ဆန်ဈေးဟာ အတက်မကြမ်းနိုင်ဘဲ အထိုက်အလျောက်လောက်သာ  တက်လာနိုင်လိမ့်မယ်လို့ လေ့လာ သိရှိရပါတယ်။                                                            ခင်မောင်ဝင်း