Main menu

Background

အိန္ဒိယပဲမျိုးစုံ ဈေးနှုန်းမြင့်တက်လာ

Sun, 01/09/2011 - 04:17 -- Anonymous (not verified)

အိန္ဒိယပဲမျိုးစုံ ဈေးနှုန်းမြင့်တက်လာ                   အိန္ဒိယဈေးကွက်များမှာ ပဲဝင်ရောက်မှုနည်းလာပြီး လက်လီနဲ့ ပဲခွဲစက်များက ဝယ်လိုအားတွေ တက်လာတာကြောင့် လွန်ခဲ့တဲ့ ရက်အနည်း ငယ်အတွင်း တစ်တန်ကို ရူပီး ၅ဝဝ-၂ဝဝဝ (ကန်ဒေါ်လာ ၁၁ -၄၄) အကြား မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ နှစ်သစ်ကို ရောက်ရှိလာတာနဲ့ အတူ ပွဲတော်တွေနဲ့ ဇန်နဝါရီလ ၁၄ ရက်ကနေ လက်ထပ်ရာသီစတင်တော့မှာ ဖြစ်လို့ ပဲဝယ်လိုအားတက်လာတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာလ နောက်ဆုံး သီတင်းပတ်တွေမှာ ပဲဝင်ရောက်မှုမြင့်တက်လာခဲ့ပေမဲ့ ဝယ်လိုအားနည်းသွားလို့ ဈေးကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ အင်ဒိုရီဈေးကွက်တွေမှာ ဇန်နဝါရီလ ၄ ရက်နေ့က ပွဲတော်ကြောင့် ဈေးပိတ်ပေမဲ့ ဝင်ရောက်မှုမရှိလို့ ဈေးကတော့ မြင့်တက်နေတယ်လို့ ဆိုပါတယ်။ ပဲစင်းငုံခွဲခြမ်းဈေးဟာ တစ်တန်ကို ရူပီး ၁ဝဝဝ (ကန်ဒေါ်လာ ၂၂) မြင့်တက်ပြီး၊ တစ်တန်ကို ရူပီး ၄၃ဝဝဝ-၄၈ဝဝဝ (ကန်ဒေါ်လာ ၉၅၃-၁ဝ၆၄) ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အလားတူ မတ်ပဲခွဲခြမ်းဈေးကလည်း တစ်တန်ကို ရူပီး ၁ဝဝဝ (ကန်ဒေါ်လာ ၂၂) မြင့်ပြီး ရူပီး ၄၆ဝဝဝ- ၅၂ဝဝဝ (ကန်ဒေါ်လာ ၁ဝ၂ဝ-၁၁၅၃) ဖြစ်ခဲ့သလို ပဲတီစိမ်း ခွဲခြမ်းဈေးကလည်း ရူပီး ၅ဝဝ (ကန်ဒေါ်လာ ၁၁) မြင့်တက်ပြီး ရူပီး ၄၈ဝဝဝ-၅၄၅ဝဝ (ကန်ဒေါ်လာ ၁ဝ၆၄-၁၂ဝ၈) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။                                                                       ယမင်းခင်၊်Source: Business standard