Main menu

Background

နှစ်သစ်မှာ ဈေးရလာတဲ့ ပြည်ပဲစင်းငုံ

Sun, 01/09/2011 - 04:25 -- Anonymous (not verified)

နှစ်သစ်မှာ ဈေးရလာတဲ့ ပြည်ပဲစင်းငုံ                   ၂ဝ၁ဝ ပြည့်နှစ် တစ်နှစ်လုံး ပြည်ဈေးကွက်မှ ရန်ကုန်သို့ ပဲစင်းငုံ အိတ် ၁၉၈၉ဝ၊ မန္တလေးတိုင်းကို အိတ် ၁၄ဝဝ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ တစ်နှစ်လုံးအနေဖြင့် အခြားတိုင်းမှ အိတ် ၃၁ဝဝ သာ အဝင်ရှိခဲ့သော်လည်း ယခု ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ နှစ်စပိုင်းမှာတော့ မကွေး၊ ကံမ၊ ကျောက်ပန်းတောင်း နဲ့ မိတ္ထီလာမြို့နယ်များမှ အိတ် ၃၂၅ဝ အဝင်ရှိခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ တိုင်းအတွင်းရှိ မြို့နယ်များမှလည်း ပြည်ဈေးကွက်သို့ ဝင်ရောက်လျက်ရှိတယ်လို့ သိရပါတယ်။ ပဲစင်းငုံအသစ်များ အဝင်များလာသလို ဈေးမြင့်တက်ခဲ့ပြီး ပိဿာ ၂ဝ တစ်တင်းကို ၁၇၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ယခင်နှစ် ပဲများများပေါ်တဲ့အချိန်က တစ်နေ့ကို အိတ် ၆ဝဝ ခန့်အရောင်း အဝယ်ဖြစ်သော်လည်း လက်ရှိအချိန်က ပဲပေါ်စပြုနေတဲ့ အချိန်ဖြစ်တဲ့အတွက် အိတ် ၁၅ဝ ဝန်းကျင်သာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။                                                                                  ဆုမွန်မွန်ဆွေ