Main menu

Background

ပဲစင်းငုံနီ အသစ်များ ဈေးကွက်ဝင်ရောက်မှုရှိလာ

Sun, 01/09/2011 - 04:25 -- Anonymous (not verified)

ပဲစင်းငုံနီ အသစ်များ ဈေးကွက်ဝင်ရောက်မှုရှိလာ                   မန္တလေးဈေးကွက်ကို ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းကစပြီး မုံရွာ၊ ရွှေဘို၊ မကွေး၊ ရေနံချောင်းနဲ့ ချောက်ဒေ သများမှ ပဲစင်းငုံနီသစ်များ စတင်ဝင် ရောက်နေပြီဖြစ်ကြောင်း သိရပါတယ်။ ပဲစင်းငုံနီအသစ်ရောအဟောင်းပါ အရောင်းအဝယ်ဖြစ်နေပြီး တစ်ပိဿာကို (အဟောင်း) ၇၃၃-၇၆၇ ကျပ်၊ (အသစ်) ၈၁၇-၈၅ဝ ကျပ်နဲ့ ရန်ကုန် ဝယ်လက်ရော ခွဲစက်လုပ်ငန်းရှင်များ ပါ အဝယ်ရှိ တယ်လို့ဆိုပါတယ်။ ၂ဝ၁ဝ ခုနှစ်မန္တလေးဈေးကွက် ပဲစင်းငုံ(နီ) ဈေး ကွက်ကို လေ့လာကြည့်ရင် ဧပြီ-မေ လ များမှာ တစ်ပိဿာဈေးအမြင့်ဆုံး ၁၈ဝဝ ကျပ်၊ အနိမ့်ဆုံး ၁၅၃၃ ကျပ်တို့နဲ့ ဈေးဖွင့်ခဲ့တာကိုတွေ့ရပြီး ဇူလိုင်-သြ ဂုတ်လများမှာ အမြင့်ဆုံး ၁၄၁၇ ကျပ်၊ အနိမ့်ဆုံး ၁ဝဝဝ ကျပ်၊ စက်တင်ဘာ-အောက်တိုဘာလမှာ ၁ဝ၄၇-၈ဝဝ ကျပ်ထိ တဖြည်းဖြည်း ဈေးနိမ့်လာခဲ့တာကို တွေ့ရပါတယ်။ နှစ်ပိတ် နိုဝင်ဘာ၊ ဒီဇင်ဘာ မှာတော့ ၇၆၇-၆ဝဝ ကျပ်နဲ့ တစ်နှစ်လုံးအနိမ့်ဆုံးဈေးကို ရောက်လာတာ တွေ့ရပါတယ်။ တိုင်းတွင်း ပဲစင်းငုံ ထွက်ရှိရာဒေသတစ်ခုဖြစ်တဲ့ မြင်းခြံကိုလည်း ပဲစင်းငုံနီအသစ်များ စတင်ဝင် ရောက်နေပြီဖြစ်သော်လည်း မန္တလေး ဈေးကွက်ကို စီးဆင်းမှုမရှိဘဲ ရန်ကုန် ကုမ္ပဏီဝယ်လက်မှ တစ်ပိဿာ ၈ဝဝ- ၈၇၅ ကျပ်နဲ့ အဝယ်ရှိကြောင်း သိရပါတယ်။                                                  သက်သက်နိုင်