Main menu

Background

ဒီတစ်ပတ် ပဲလွန်းဖြူ၊ နီ တင်ပို့မှုတက်လာ

Sun, 01/09/2011 - 04:29 -- Anonymous (not verified)

ဒီတစ်ပတ် ပဲလွန်းဖြူ၊ နီ တင်ပို့မှုတက်လာ                ယခုတစ်ပတ် (ဒီဇင်ဘာလ ၃ဝ ရက်မှ ဇန်နဝါရီ ၃ ရက်) အတွင်း အခြားပဲအုပ်စုထဲမှာ ပင်လယ်ရေ ကြောင်း တင်ပို့မှုအနေနဲ့ ပဲလွန်းဖြူနဲ့ အနီ တန်ချိန် ၃ဝဝ ခန့် တင်ပို့မှုရှိခဲ့တာ တွေ့ရပါတယ်။ ယခင်တစ်ပတ်က ပဲလွန်းဖြူတန်ချိန် ၅ဝ သာတင်ပို့ခဲ့ရာမှ ယခုတစ်ပတ် ပြန်လည်တိုး တက်လာ တာ တွေ့ရပါတယ်။ ဈေးကွက်တွေကို ပဲလွန်းဖြူအသစ်တွေ ဝင်ရောက်မှု ရှိပေမဲ့ အရည်အသွေး နိမ့်ကျမှုကြောင့် အသစ် အနည်းငယ်သာတင်ပို့မှုရှိပြီး အဟောင်းလက်ကျန်တွေ ဆက်လက် တင်ပို့နေခြင်းဖြစ်တယ်လို့ ကုန်သည် များက ဆိုပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်တစ်ပတ်က FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၅ဝ-၇၇ဝ၊    SQ တစ်တန်ကို ကန်ဒေါ်လာ ၈၅ဝ- ၈၇ဝ ဈေးရှိခဲ့ရာက ဇန်နဝါရီလ ၇ ရက်မှာတော့ FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၆ဝ-၇၇ဝ နဲ့  SQ တစ် တန်ကို ၈၆ဝ-၈၇ဝ ဈေးကို မြင့် တက်ခဲ့တယ်လို့ သိရပါတယ်။ MIRT - MAPT