Main menu

Background

ပင်လယ်ရေကြောင်းက ပဲတီစိမ်းတန် ၂၅ဝဝ ခန့်တင်ပို့

Sun, 01/09/2011 - 04:34 -- Anonymous (not verified)

ပင်လယ်ရေကြောင်းက ပဲတီစိမ်းတန် ၂၅ဝဝ ခန့်တင်ပို့              ယခုတစ်ပတ် အများပြည်သူ ရုံးပိတ်ရက်တွေရှိနေလို့ သင်္ဘောတင်ရက် ၃ ရက်အတွင်း ပဲတီစိမ်းတန် ၂၅ဝဝ ခန့်  တင်ပို့မှု ရှိခဲ့ပါတယ်။ ယခင်တစ်ပတ် ၅ ရက်အတွင်းတင်ပို့မှုမှာ တန်ချိန် ၃ဝဝဝ ခန့်သာရှိခဲ့လို့ ယခုတစ်ပတ်မှာ အနည်းငယ် တိုးတက်တင်ပို့ခဲ့ပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ အရည်အသွေးကောင်း ပဲတီစိမ်းမရရှိနိုင်တာကြောင့် မြန်မာနိုင်ငံက ပုံမှန်တင်သွင်းနေရတာဖြစ်ပါတယ်။ ယခုတစ်ပတ်အတွင်း ပြည်တွင်းမတ်ပဲနဲ့ ပဲစင်းငုံဈေးတွေ သိသိသာသာ တက်လာခဲ့ပေမဲ့ ပဲတီစိမ်းဈေးက တည်ငြိမ်နေပါတယ်။ ရန်ကုန် FOB ဈေးမှာ ယခင်တစ်ပတ်အတိုင်း FAQ တစ်တန်ကို ကန်ဒေါ်လာ ၈၈ဝ-၉ဝဝ နဲ့ ရွှေဝါအသေးတစ်တန်ကို ကန်ဒေါ်လာ ၁၂ဝဝ-၁၂၂ဝ ဖြစ်တယ်လို့ သိရပါတယ်။                          MIRT - MAPT