Main menu

Background

နယ်စပ် အပို့ ၁၃ဝဝ ကျော်

Sun, 01/09/2011 - 04:35 -- Anonymous (not verified)

နယ်စပ် အပို့ ၁၃ဝဝ ကျော်            ဒီဇင်ဘာလ ၂၉ ရက်မှဇန်နဝါရီလ ၄ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ကန်ဒေါ်လာ ၁ ဒသမ ၂ဝ၇ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၃၂၂ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ဈေးကွက်အတွင်း ရှိ အရည်အသွေး ကောင်း အညာစ လက်ကျန်များကိုတင်ပို့ခဲ့ပြီး ယခင်အပတ်ကထက် ၁၆၇ တန် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ တစ်ဖက်နိုင်ငံမှ ပဲတီစိမ်း ဝယ်လိုအားရှိတဲ့အတွက်ပြည်တွင်းဈေးအနည်းငယ် ပြန်တက်လာ လျက်ရှိပါတယ်။ ဇန်နဝါရီကုန်မှာ ပဲသစ်ထွက်ပေါ်လာတော့မှာဖြစ်ပါတယ်။ ပြည်တွင်းပဲစိုက်ပျိုးမှုမှာ ပဲတီစိမ်း ခရမ်းစ အနည်းငယ်အပျက်အစီးရှိသော်လည်း တရုတ် ဈေးကွက် လိုအပ်ချက်အရ ဆက်လက်တင်ပို့နိုင်မယ့် အနေအထားရှိတယ်လို့ သိရပါတယ်။ ပြည်တွင်း သယ်ယူစရိတ် နှုန်းထားများမြင့်တက်မှုကြောင့်လာမယ့်ပဲရာသီမှာ တရုတ်ကွမ်ရှီးဈေးကွက်သို့ ပင်လယ်ရေကြောင်းနဲ့ ဗီယက်နမ်နယ်စပ်က တစ်ဆင့် ပြန်လည်ဝင်ရောက်မယ့်အနေအထား ရှိတယ်လို့သိရပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ ပဲတီစိမ်း ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                              မိမိဘက်(ကျပ်/တန်)                        တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                      ယခု             ယခင်        ပြောင်းလဲမှု     ရာခိုင်နှုန်း     ယခု          ယခင်   ပြောင်းလဲမှု     ရာခိုင်နှုန်းပဲတီစိမ်း        ၁၁ဝဝ၂၄၂        ၉၆ဝဝ၆၈       ၁၄ဝ၁၇၄         ၁၃       ၁၁၈၁         ၁၁၇၉        ၂              ဝ .၂MIRT (DOBT)