Main menu

Background

မန်းဈေးကွက်မှာ ဈေးမာပြီး အရောင်းအဝယ်သွက်

Sun, 01/09/2011 - 04:37 -- Anonymous (not verified)

မန်းဈေးကွက်မှာ ဈေးမာပြီး အရောင်းအဝယ်သွက်              မန်းဈေးကွက်မှာတော့ ပဲတီစိမ်းကို တရုတ်ဝယ်လက်၊ ရန်ကုန်ဝယ်လက်အပြင် ဒေသတွင်းပဲခွဲစက် လုပ်ငန်းရှင်များမှပါ ဝယ်ယူနေတဲ့အတွက် အရောင်းအဝယ် သွက်နေဆဲဖြစ်ပါတယ်။ အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေကတော့ တရုတ် အကြိုက်တွေ့နေတဲ့အတွက် ဈေးမကျဘဲ ဈေးမာနေတာကိုလည်းတွေ့ရပါတယ်။ ပဲတီစိမ်း (ထိပ်စ) တစ်ပိဿာ ကျပ် ၁၄၅၈၊ တစ်တန် ကျပ် ၈၉၂၈ဝဝ၊ အလတ်စ တစ်ပိဿာ ကျပ် ၁၂၈ဝ၊ တစ်တန် ကျပ် ၇၈၃၈ဝဝ၊ အောက်စ ကျပ် ၈၈၉၊ တစ်တန် ကျပ် ၅၄၄၄ဝဝ ဈေးတို့ဖြင့် ရောင်းဝယ်နေကြပါတယ်။ ဈေးကွက်အတွင်းမှာ ရောင်းဝယ်အား ကောင်းနေဆဲ ဖြစ်သလို ပစ္စည်းအရည်အသွေးအလိုက်လည်း ဈေးနှုန်းတွေက ကွာဟမှုရှိပြီးတော့ ရောင်းဝယ်နေကြပါတယ်။ တင်ပို့မှုအနေနဲ့ တစ်ပတ်အတွင်း တရုတ်သို့ တန် ၈ဝဝ ၊ ရန်ကုန်သို့ တန် ၁၈ဝ တင်ပို့မှုရှိခဲ့ပြီး ဈေးကွက်အတွင်းမှာတော့ ရောင်းဝယ်အား ကောင်းဆဲ သီးနံှ တစ်ခုဖြစ်ကြောင်း သိရှိရပါတယ်။                                                                            ကျော်ကျော်မိုး