Main menu

Background

ရန်ကုန်နဲ့ မန်းဝယ်လက် အဆွဲသွက်တဲ့ မုံရွာဈေးကွက်

Sun, 01/09/2011 - 04:38 -- Anonymous (not verified)

ရန်ကုန်နဲ့ မန်းဝယ်လက် အဆွဲသွက်တဲ့ မုံရွာဈေးကွက်                  ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလပထမပတ် မုံရွာကုန်စည်ဒိုင် ပဲတီစိမ်းဈေးကွက်မှာ နယ်စုံကပဲတွေ အဝယ်သွက် လာခဲ့ပေမဲ့ စိမ်းသေးအဝင်ပိုကာ စိမ်းကြီးအဝင်နည်းတာကြောင့် စိမ်းကြီးဈေးအနည်းငယ်မြောက်ခဲ့တာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာဈေးကွက် စိမ်းကြီးတစ်တင်း ကျပ် ၂၅ဝဝဝအထိသာ အမြင့်သို့ဈေးရခဲ့ပေမဲ့ ဇန်နဝါရီလ ပထမပတ်မှာတော့ တစ်တင်း ကျပ် ၂၆ဝဝဝ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ စိမ်းသေးကတော့ ဒီဇင်ဘာက ဈေးအေးသွားခဲ့ပြီး၊ တစ်တင်း ကျပ် ၁၉၅ဝဝ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခုအပတ်ထဲမှာ ရေလိုင်းခေါ် ကနီ၊ မင်းကင်းနယ်ဘက်က ပဲတီစိမ်းအများဆုံး မုံရွာ ဈေးကွက်ထဲဝင်လာခဲ့ကာ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ကို အိတ် ၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ယခု တစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေကနေ ပဲတီစိမ်းကြီး စီးထွက်မှုအနေနဲ့ မန္တလေးကို တင်း ၅ဝဝဝဝ နီးပါးနဲ့ ရန်ကုန်ကို တင်း ၃ဝဝဝဝ နီးပါး တင်ပို့ခဲ့ကြတယ်လို့ ဈေးကွက်ကဆိုပါတယ်။ ထွန်းလှိုင်